Part - 3

1K 51 2
                                    

Uni-code

"ဂျွန်စေရာ့ကို ချစ်တယ် "

တစ်လဟူသော အချိန်သည် ကုန်မှန်းမသိကုန်ခဲ့လေသည်။ထိုတစ်လတွင် ဂျူနီယာကောင်လေးအား ထပ်၍ မတွေ့ရတော့ပေ။
မပြောင်းလဲသွားသည်က milo ဘူးလေးနဲ့ စာရွက်ခေါက်လေးပင်။မနက်ခင်းတိုင်း စာသင်ခုံရောက်တာနဲ့ထိုစာရွက်ခေါက်အားတွေ့ရဆဲ့ပင်။

သို့သော်..
ထူးခြားလာသည်ဟုပြောရမလားမသိပေမယ့် ယနေ့တွေ့ရပါသော စာရွက်ခေါက်တွင်ရေးထားသည်မှာ ချစ်ခွင့်ပန်ခြင်းပင်။ထိုပြောင်းလဲမှုနှင့် ပတ်သတ်၍ ဂျွန်စေရာ ကတော့အံ့သြခြင်းမရှိပေ။မိမိကို အစတည်းကလာပေးနေကတည်းက ပိုးပန်းသည်ကိုသိပြီးသားပင်။အင်း အနည်းဆုံးတော့ တစ်လကြာပြီးတဲ့နောက်ဒီတစ်ယောက် ဖွင့်ပြောလာပြီဟုပြောရမည်။ပြောရရင် အရင်တစ်ခါ ဂျူနီယာလေး ကိစ္စ နှင့်ပတ်သတ်၍ ဘယ်သူမှ သိပ်ပြီး ဇွဲရှိရှိ မချဥ်းကပ်ရဲ​ြက​တော့ဟု ဆိုရမည်လား။
ကောင်းပြီလေ ဘယ်လောက်ဇွဲရှိမလဲကြည့်မယ်။ထို့နောက် ကော့တက်သွားပါသောနှုတ်ခမ်းများ။

ထို့နောက်သူစာရွက်ခေါက်လေးအားသိမ်းသည့်အချိန်တွင် ထက်မြတ်က ရွဲ့သလိုလိုနဲ့ပြောလာသည်။

"ဘယ်လိုလူကများ နှလုံးသားမရှိတဲ့ကောင်ကို ဒီလောက်အချိန်ကုန်ခံပိုးနေလဲပဲ "

"ငါနှလုံးသားမရှိဘူးလို့ဘယ်သူပြောလဲ"

"ငလူး..ပိုးသမျှ ပစ္စည်း တွေလဲ စိတ်ကူးပေါက်မှယူ ကျန်တာလွင့်ပစ် လာဖွင့်ပြောတိုင်းငြင်း
ဟိုတစ်ခါကောင်လေးတုန်းကလည်း တစ်ညနေလုံးဒူးထောက်ပြီး ညထိရောက်တာတောင် တစ်ခေါက်မှလာမတွေ့တဲ့အပြင် နောက်နေ့လဲရောက်ရော တန်းငြင်း ဟိုကကျောင်းတောင်ပြောင်းသွားပြီ အဲ့ကောင်ကို နှလုံးသားမရှိဘူးဆိုပြီး တစ်မေဂျာလုံး​ပြောနေကြတာကို တရားခံကမသိဘူးလား ခွီးး"

"ငါကြိုက်တဲ့သူမတွေ့သေးလို့ပါ တွေ့လို့ကတော့ ဟောဒီ့က ဂျွန်စေရာပိုင်တဲ့ Black Card ကြီးနဲ့ babe လေးကို ​ခေါင်းအစခြေအဆုံး စိန်တွေ ရွှေတွေစီချပေးပြစ်အုံးမှာ
အဲ့ကျ တစ်မေဂျာလုံး အမြင်ကပ်အောင်ချစ်ပြပစ်မှာကွ "

Perfect Crime Where stories live. Discover now