Chapter 7

222 38 17
                                    

Unicode

အဖြစ်မှန်တွေအကုန်ဝိန်းသိသွားခဲ့ပြီ

"ဝိန်း ဘယ်လိုကနေဒီကိုရောက်လာ..."

"အဲ့ဒီစကားကိုယ်မေးရမှာ
မင်းကဘာလို့ဒီမှာရောက်နေတာလဲ"

"အဲ့တာက..."

လူများကခွာရှဲသွားပြီးအားလုံးကဝိုင်းကြည့်နေကြသည်။
ဟင်နရီသည်ပင်အပေါ်ထပ်မှဆင်းလာကာသူတို့အနားရောက်လာသည်။

"ဘာများဖြစ်လို့လဲ မြို့တော်ဝန်"

"ဖီးလီးယက်စ် ဒီမှာရောက်နေလို့"

"ကျွန်တော်ဖိတ်ခေါ်ထားတာပါ"

ဝိန်းရဲ့ခပ်စူးစူးအကြည့်တွေကဟင်နရီရဲ့မျက်ဝန်းအိမ်တွေဆီတန်းခနဲရောက်ရှိသွားသည်။
ဟင်နရီကတော့ယှဉ်ပြိုင်ကြည့်လာခြင်းမရှိဘဲမျက်လွှာများကိုငုံ့ချသွားသည်။

"သူနေမကောင်းဘူး
ကိုယ်ပြန်ခေါ်သွားတော့မယ်"

ဂျီမင်းမှာဘာစကားတစ်ခွန်းမှပြန်မပြောနိုင်ပေ။
ကြမ်းပြင်ကိုသာငုံ့ကြည့်ရင်းဖြင့်သာသူ၏လက်မကိုဖိချေနေသည်။အခုဆိုလျှင်ဝိန်းရဲ့တည်သွားတဲ့မျက်နှာကိုကြောက်လွန်းလို့နှလုံးတောင်အပြင်ထွက်မတတ်ခုန်နေခဲ့ပြီဖြစ်သည်။

"ဖီးလစ် လာခဲ့"

ဂျီမင်းမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းဖြင့်သာဝိန်းကိုမျက်လှန်ကြည့်လိုက်သည်။
သူ၏လည်ချောင်းမှတုံ့ပြန်သည့်စကားတစ်ခွန်းပင်ထွက်မလာနိုင်ခဲ့ပေ။
အိမ်သို့ပြန်ရောက်လျှင်ဖြစ်မည့်အဖြစ်အားသူကြိုတင်တွေးထားခဲ့ပြီးပြီ။

"အားလုံးအနှောင့်အယှက်ဖြစ်သွားရပြီ
ခွင့်ပြုပါဦး"

ထွက်ခွာသွားသည့်ဝိန်းနောက်ကိုငြိမ်ငြိမ်သက်သက်လေးသာလိုက်သွားရသည်။
ဝိန်း၏ခေါ်ထားသောရထားလုံးကအိမ်နှင့်မနီးမဝေးမှာပဲရှိနေခဲ့တာဖြစ်ပြီးဝိန်းရဲ့စိတ်ဆိုးနေဟန်ပုံပေါ်တဲ့ခြေလှမ်းများကထိုနေရာသို့ခပ်သွက်သွက်လှမ်းနေသည်။

ရထားလုံးနားရောက်တဲ့အခါမှာတော့ဝိန်းကရပ်တန့်သွားခဲ့ပြီးဂျီမင်းကိုမျက်မှောင်ကြုတ်ကာကြည့်လာခဲ့လေသည်။ထိုမျက်လုံးများက'အထဲကိုမြန်မြန်ဝင်'ဟုပြောနေသယောင်ယောင်။
ထို့ကြောင့်ဂျီမင်းလည်းဝိန်းမျက်နှာကိုတစ်ချက်ပဲကြည့်လိုက်ကာရထားလုံးတွင်းသို့ဝင်ထိုင်လိုက်သည်။

Two Men In One Look (Completed)Onde as histórias ganham vida. Descobre agora