"မတွေ့တွေ့အောင်ရှာ!!!!!"
ဒေါသစိတ်တို့ကရှိပေမယ့်ဖြစ်ပေါ်လာတဲ့ခံစားချက္မှာ ရွက်စိမ်းဘေးကင်းဖို့
ဖုန်းဆက်တော့လည်း မကိုင် အသံများပိတ်ထားတာလားတွေးမိပေမယ့်
ဆယ်ခါမြောက်ခေါ်ဆိုမှုအပြီးမှာ ဒီနေရာသူရောက်လာမိတာပင်"ဆရာ သူ့တီချယ်ပြောပုံအရစောနလေးကမှ အတန်းဆင်းတာတဲ့"
"သူ့သူငယ်ချင်း နီလာ ဆိုတာ ဖုန်းခေါ်ကြည့်!!!"
"ဆက်သွယ်ပြီးပြီဆရာ သူလည်းမကိုင်ဘူး!!!"
"တောက်!!!!'
"ခွန် .......'''
"ရွက်စိမ်း!!!!!!!"
လူမရှိသောစာသင်ခန်းဟောင်းတစ်ခုကနေ သူမ လွယ်အိတ်လေးကိုင်ကာ ထွက်လာသည်။ချွေးစတို့ မျက်နှာထက္မှာ ဟိုဒီရှိနေပေမယ့် ပြုံးပြနေမှုကမပီပြင်
မသိရင် ဟိုးအဝေးကြီးက ပြေးလာသလိုမျိုး
မောဟိုက္နေကြောင်း သူမရဲ့ညံ့ဖျင်းလှသော ဟန်ဆောင်မှုကလစ်ဟာပြနေလျက်"ဘယ် ဘယ်ကလှည့်လာတာလည်း"
"မင်းဘယ်ရောက်နေခဲ့တာလည်း????"
"မ ရောက်ပါဘူး ခွန်ရဲ့ ကျောင်းထဲရောက်တုန်း လိုက်လှည့်ကြည့်နေတာ "
"ဒီလိုလူပြတ်တဲ့နေရာတွေထိလား ဂျိုကာ အခန်းထဲရော အနီးတဝိုက် လိုက်ရှာစမ်း!!!!!"
ရင်ထဲမှာကြောက်လန့်မှုက အတိုင်းသား
Jay ခေါ်ရာလာမိတဲ့ ကိုယ့်ကိုကိုယ်လည်း
အမြင်ကပ်မိသည်။ ခွန် မုန်းသွားနိုင်မည့်ကိစကို သူမ ကျူးလွန်မိလိုက်ပြီ"မင်းညာနေတာ ရွက်စိမ်း ငါသိတယ်
ဒါပေမယ့် ငါဘာမှမမေးသေးဘူး မင်းကားပေါ်တက်တော့""ခွန့်ကို စိတ်ပူစေမိလို့တောင်းပန်ပါတယ်"
"မင်းခြေလှမ်းတိုင်းအတွက် တာ၀န်ယူရမယ်
ငါဆိုတဲ့ကောင်က ဘယ်ပွဲမဆို နိုင်ရမှ....."ကားပေါ်ကနေအိမ်အထိ သူစကားတစ်ချက္မှ မပြော၊ တုန်ယင်နေတဲ့ သူမစိတ်ကိုဖြေဖျောက်ကာ ပြသနာကို အတတ်နိုင်ဆုံးဖြေရှင်းဖို့ကြိုးစားလိုက်သည်။
နောက်နောင်လည်း ဘယ်သူခေါ်ခေါ်အပြင်မထွက္မိဖို့ ကိုယ့်ကိုကိုယ်ဆုံးမရင်း ခွန့် ကို ခိုးကြည့်တော့ မေးကြောတွေထင်းနေအောင် အံကြိတ်ထားသည်။

YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...