2🧜‍♂️

2.1K 165 9
                                    

ရှောင်ကျန့်ဆိုတာ လူလိမ်တစ်ယောက် လူလိမ်တွေထဲမှာပိုက်ဆံအဖြုန်းနိုင်ဆုံးလူလိမ် တကယ့်အကောင်ကြီးကြီးတွေကိုမှလိမ်တဲ့လူလိမ်တစ်ယောက်ပေါ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း သုံးယောက်ရှိတယ် ကျန်းချန် ယွီပင်း နဲ့ ကျင်းလင်
ပေါ့ ရှောင်း ‌......ရှောင်းမျိုးရိုး ဆိုတာ အရမ်းကိုဂုဏ်ကြီးမျိုးရိုးမြင့်တွေပဲ သို့သော်ရှောင်ကျန့်က
ရှောင်းအိမ်တော်မှထွက်ကာ တစ်ယောက်တည်းရပ်တည်သူ မိဘဖြစ်သူနဲ့အဘွားဖြစ်သူကတော့ အမြဲစောင့်ကြည့်ပြီး ဘဏ်ကတ်ထဲလည်းအမြဲလိုလို ငွေဖြည့်ပေးတတ်တယ် ကိုယ်မသုံးပေးမယ့် တာဝန်လိုမျိုးအမြဲထည့်ပေးဆဲ

ဗျီးးးးးးးးးးးး silent ထားတဲ့ဖုန်းကတဖျီးဖျီးအော်နေတာကြောင့်အိပ်ချင်မူးတူးနဲ့ဖုန်းကိုင်လိုက်တယ်

"ရှောင်ကျန့်! မင်းဘယ်တော့မှ အိမ်တော်ပြန်လာမှာလည်း ပြီးတော့ဦးလေးတွေနဲ့ဘယ်အချိန်မှအဆင်ပြေအောင်နေမှာလည်းဟမ် ဒီလိုပဲလူလိမ်လုပ်စားတော့မှာလား ဒါလား နိုင်ငံခြားက top 1 business man ဆိုတာ ဘာကြောင့်ဒီလိုပျက်စီးနေတာလဲ "

"ဟာဗျာ မနက်စောစောစီးစီးလာမဆူပါနဲ့ဗျာ "

"ဟ မနက်တဲ့လား နေ့လည်တစ်နာရီတောင်ရှိနေပြီ မင်းဘိုးတော်နေကထွက်ပြီးလို့ပြန်တောင်ဝင်တော့မယ်"

"အားလား ပါးရာ ကျွန်တော် အချိန်တန်ပြန်လာပါ့မယ် ချစ်တယ်နော်ပါး မားကိုလည်းပြောလိုက်ဦးဂရုစိုက်လို့ဒီသားအလိမ္မာလေးကအရမ်းချစ်တယ်လို့ ဒါပဲနော်"

တီ..............

"တစ်နာရီတောင်ထိုးနေပြီတဲ့ မထူးတော့ဘူးဆက်ပြီးအိပ်လိုက်မယ်"

လူတွေအကြောင်းစိတ်မဝင်စားဖို့နဲ့လူတွေကိုဝေးဝေးရှောင်ဖို့ အမြဲတိုက်တွန်းကြတယ် တကယ် မကြိုက်ပါ သူလူတွေနဲ့ရင်းနှီးကြည့်ချင်တယ်လူတွေလိုခြေထောက်အစုံရချင်တယ် ဦးငယ်ပြောတာတော့ အသက်ပြည့်ရင်ခြေထောက်တစ်စုံရမယ်တဲ့ ဖြစ်နိုင်ပါ့မလား

"ချီ မင်းပြောကြည့် ငါကစူးစမ်းချင်တာအပြစ်လား "

"ဝမ့်ရဲ့အမှားမဟုတ်ဘူး အဲ့ဒါမင်းကြီးအမှား"

Blue SeaWhere stories live. Discover now