ရှောင်ကျန့်သူ့ရှေ့ကကောင်လေးကိုကြည့်နေမိတယ် ကောင်လေးကသူထင်သလိုနတ်သားလေးမဟုတ်ခဲ့ဘူးပဲ သူက ရေသူပဲ ပြာလဲ့တဲ့ အမြီးနဲ့ ဆံပင်ပြာပြာလေးတွေ ကြည်တောက်မဲနက်တဲ့မျက်ဝန်းလေးတွေနဲ့စိုအိနီရဲနေတဲ့နှုတ်ခမ်းတစ်စုံ သိပ်ပြည့်စုံလွန်းနေပေမယ့်လူတစ်ယောက်မဟုတ်ဘူးဆိုတာကသူ့ကိုထိတ်လန့်စေတယ်
ထို့နောက်သူဟာမေ့မျောခြင်းဆီသို့
"မင်းတို့ကောင်တွေစောက်သုံးမကျဘူး "
"ပြန်မယ် ဒီလောက်အမြင့်ကပြုတ်ကျတာဆိုတော့သေနေလောက်ပြီ"
"ဟုတ်ကဲ့ပါ ဘော့စ်"
ရိပေါ် ရှောင်ကျန့်ကိုကယ်လာပြီး ကုန်းပေါ်မှာချပေးကာ ရှောင်ကျန့်ကိုသေချာကြည့်နေမိတယ်
သည်လူသားကတကယ်ကြည့်ကောင်းတယ်ပြီးတော့ သူ့ကို သဘောကျတယ် ဒီလောက်နဲ့ပဲ သူနဲ့ကိုက ရေစက်ရှိတယ်ထင်ပါ့ ဒါမယ့်သူ့နားနေချင်သေးတယ်ခဏအကြာ ရှောင်ကျန့်နိုးလာခဲ့တယ်
"အာ့ !!""မင်း ဘာဖြစ်သွားသေးလည်း"
ပထမဆုံးပြောလာသည့်စကားမှာမိမိကိုမေးသည်မို့ ရင်ထဲမှာပျော်ရွင်မှုသေးသေးလေးဖြစ်ထွန်းတယ်
"ဘာမှမဖြစ်ပါဘူး "
"အင်း ပြန်မယ်"
"အွန်းး"
တော်သေးသည် ရှောင်ကျန့်ကို သူမှတ်ညဏ်ဖျောက်ထားလို့သာ သူမေ့သွားမယ်ထင်တာပဲဟူး
အသက်ရွယ်ရော အစွမ်းပါငယ်သေးတဲ့ ရိပေါ်က မှတ်ညဏ်မေ့အောင်လုပ်တာပထမဆုံးဖြစ်သည်"လာလေ ဘာလုပ်နေတာလည်း"
"အွန်း"
ရှောင်ကျန့်တကယ်ဝေခွဲရခက်နေတယ် သူမြင်လိုက်ရတာမမှားဘူးဆို သူထင်နေတဲ့နတ်သားလေးကတကယ်ရေသူပဲ ပြီးတော့ ဒါ (ပုလဲလေးတစ်လုံးပါ ) ငါ့နားမှာ ငိုနေခဲ့တာတဲ့လား တွေ့ဆုံမှုကခဏလေးပေမယ့်သူများငါ့ကိုစိတ်ဝင်စားနေသလား ပြီးတော့ ဘာလို့ငိုတာလည်း ငါ့အနားဘာလိုချင်လို့ရောက်လာတာလည်း စသည်ဖြင့်အတွေးပေါင်းများစွာတွေးကာသူနေတဲ့တိုက်ခန်းသို့ဦးတည်လျှောက်နေခဲ့တယ်
YOU ARE READING
Blue Sea