12🧜‍♂️

1.3K 117 4
                                    

ဒီနေ့ ပါးနဲ့တွေ့ဖို့စဉ်းစားထားတယ် အိမ်မှာလည်း ဘေဘီကိုတစ်ယောက်တည်းမထားခဲ့ချင်တာကြောင့် အတူတူခေါ်သွားဖို့လုပ်ထားတယ်

"ဘေဘီရေ ပြီးပြီလား"

"ပြီးပြီ ကိုကို"

"သွားရအောင် "

"အွန်းးးး"

"ပါးကျွန်တော်ရောက်ပြီ"

"လာခဲ့လေသား"
"ဟုတ်ပါး"

"ဒါနဲ့ သူက"

အထဲရောက်ရောက်ချင်းမေးလိုက်သောပါး

"သားချစ်သူပါ ပါး"

"ဘယ်လို "

"ဟုတ် "

"ဟင်းးး ဒီ‌အဖေကမကန့်ကွက်ပါဘူးသားရဲ့ အလိုကျပါပဲ ဒါမယ့်အဘွားကိုတော့ မေးကြည့်ဦး"

ဘေဘီလက်ကို တင်းနေအောင်ဆုတ်ကိုင်ကာ

"ဟုတ်ကဲ့ပါးး"

"သူ့ကိုနားနေခန်းမှာထားပြီးလာခဲ့"

"ဟုတ်ကဲ့ပါ ပါးး"

ဘေဘီကို နားနေခန်းထဲသို့ခေါ်သွားလိုက်သည်

"ဘေဘီ ဒီမှာနေနော် စားစရာတွေလာပို့ခိုင်းထားမယ်နော်ဘယ်မှမသွားနဲ့နော် ကိုကိုအလုပ်လုပ်ဦးမယ်"

"အွန်းး"

"လိမ္မာလိုက်တာ မွ "

"😊😊😊"

အခန်းထဲကထွက်ကာအလုပ်လုပ်ခြင်းစတင်လိုက်တယ်သူ ပြန်လေ့လာရမယ်မလား အရင်လိုအလေလိုက်‌မနေတော့ဘူး ဘာလို့ဆို ဘေဘီကသူ့ဘဝထဲဝင်လာပြီမို့ကာကွယ်နိုင်တဲ့အားအင်တွေလိုအပ်တာကြောင့်ပင်

ရိပေါ်ကိုကိုထားခဲ့တဲ့အခန်းလေးထဲမှာငြိမ်ကုတ်ကာနေလိုက်တယ် ခဏအကြာ‌အမတစ်ယောက် ကစားစရာတွေထည့်ထားတဲ့ခြင်းလေးနဲ့ အထုတ်တွေလာပို့ပေးတယ် ချစ်စရာကောင်းတယ်ဆိုကာ ပါးလေးတွေတောင်ညစ်သွားသေးတယ်ရိပေါ်လည်းလာပို့တာတွေကို ဒီတိုင်းထားရင်လွင့်ပစ်ရမှာစိုးတာကြောင့်စားလိုက်တယ် ဗိုက်တင်းတာကြောင့်ခဏအိပ်လိုက်တယ်

"နင်တို့ သူဌေးကိုပြောလိုက်ငါလာတယ်လို့ မြန်မြန်လုပ်ငါမအားဘူး နားနေခန်းမှာစောင့်နေမယ်ပြောလိုက် ကြားလား"

Blue SeaWhere stories live. Discover now