9🧜‍♂️

1.4K 137 9
                                    

အိမ်တော်မှာ ကြာသွားသည် သူဘေဘီ့ကိုတကယ်မေ့သွားခဲ့သည် အခုချိန်စိတ်ပူနေတာသူသာအသိဆုံးပင်ဖြစ်လိမ့်မည်

"ဘေဘီမင်းဘယ်မှာလည်း"

ညနေကထားခဲ့တဲ့နေရာကိုပြန်လာတော့ ကုန်တိုက်အောက်မှာ စောင့်ကြောင့်လေးထိုင်နေသူ ငိုနေသည်ထင် သူ့အောက်မှာပူလဲလုံးလေးတွေအများအပြား သူမှားသွားခဲ့ပြီ သူမေ့သွားခဲ့ခြင်းသာ ရေသူအကြောင်းတွေသိချင်တာကြောင့်ဖုန်းထဲမှာရှာကြည့်တော့ ရေသူတွေကငိုရင်မျက်ရည်ကပုလဲလေးတွေဖြစ်သွားတယ်တဲ့ ရေသူရဲ့ အကြေးခွံကသိပ်တန်ဖိုးကြီးတယ်တဲ့ ရေသူတွေက ရေထိရင် ခြေထောက်ကနေ အမြီးဖြစ်သွားတာတွေအစုံပါပဲ သူကရေသူလေးအကြောင်းသိရဖို့ရှာဖွေထားခြင်းအခုတော့ ရေသူလေးကိုဝမ်းနည်းစေပြီ တော်သေးသည် ညဘက်မို့မားကတ်ကပိတ်ထားကာလူသွားလာကျဲနေသည်နို့မို့ဆိုငိုနေတဲ့ကောင်လေးရဲ့မျက်ရည်ကပုလဲအဖြစ်ပြောင်းသွားတယ်ဆိုပြီးတစ်ခုခုလုပ်လိုက်မှ
အနားသို့သွားကာ ထိုင်လိုက်ပြီး ‌ဘေဘီ့ခေါင်းကိုလက်ကလေးဖြင့်ပင့်ကာ‌မော့စေသည်

"ဘေဘီ စောင့်နေတာကြာသွားလား"

"............."

"တောင်းပန်ပါတာ်ကိုယ်ကြာသွားလို့"

"............"

"တစ်ခုခုပြန်ပြောပါဦး"

".........."

"ဘေဘီ!!"

"ထား ~အင့် ထားခဲ့ပြီထင်တာ"

"မဟုတ်ပါဘူးကွာ "

"ဟင့်~ပစ်သွားတာလားဟင်"

"မဟုတ်ပါဘူး"

".........."

"လာပါပြန်ရအောင်နော်"

"အွန်း"

ဘေဘီ့ကိုခေါ်ကာကားပါကင်သို့ပြန်လာပြီး ကားထုတ်ကာအိမ်သို့ပြန်လိုက်သည်

"ဘေဘီ ဒီမှာနေဦးနော် အောက်မှာ ဖုန်းခဏသွားပြောမလို့ အိပ်ချင်အိပ်တော့နော်"

"အွန်း"

အွန်းဆိုကာ အိပ်ယာပေါ်မှာမျက်လုံးလေးတွေ ပွတ်နေသည်မို့

""မျက်လုံးတွေနာမယ်လေအရမ်းမပွတ်နဲ့"

"အွန်းးး"

Blue SeaWhere stories live. Discover now