14🧜‍♂️

1.2K 115 5
                                    

ဘေဘီ့ကိုချီကာရေကန်ထဲစိမ်နေတုန်းအော်ခေါ်လာသည့် ကျန်းချန်ကြောင့် လန့်သွားရသည်

"ရှောင်ကျန့် အဲ့တာက ...".

လက်ညိုးထိုးကာမေးလာသော ကျန်းချန်က အတော်လန့်နေပုံပင်ဘေးကယွီပင်းကလည်း ပါးစပ်ကြီးဟလို့ပင်

"ကျန်းချန်နဲ့ယွီပင်းငါရှင်းပြပါမယ်ကွာ လာ"

"ဘေဘီဒီမှာခဏနေခဲ့နော်"

"အွန်း"

‌"ရှောင်ကျန့် ဘယ်လိုဖြစ်တာလည်းအဲ့ဒါရေသူကြီးမလား"

"အင်းဟုတ်တယ်"

"ဘာလို့ခေါ်ထားတာလည်းအန္တာရယ်များတယ်ကွ"

"ငါချစ်နေမိပြီ"

"ဘာဘယ်လို"

"ငါရေသူလေးကိုချစ်တယ် ကျေးဇူးပြုပြီးလျို့ဝှက်ထားပေးပါကွာနော်"

"သတိတော့ထားပါရှောင်ကျန့်"

"အေးပါကွာကျေးဇူးပါ"

"မလိုပါဘူးကွာသူငယ်ချင်းတွေပဲဟာ ဒါနဲ့မင်းအလုပ်ပြန်လုပ်နေပြီဆို"

"အေးဟုတ်တယ်"

"ကောင်းတယ် ငါအားပေးတယ် "

"အင်း ငါဘေဘီ့ကိုသွားခေါ်ဦးမယ်"

"အေးငါတို့‌စောင့်မနေတော့ဘူး ပြန်ပြီ"

"အေး"

ဒီလိုနဲ့ရှောင်ကျန့်လည်းအပေါ်ထပ်ကိုပြန်တက်ခဲ့တယ်

"ဘေဘီနေလို့ကောင်းလား"

"အွန်းအရင်ကထက်စာရင်သက်သာတယ်"

"ဟုတ်ပါပြီဗျာ"

"ကိုကို အပြင်သွားချင်တယ်"

"သွားချင်ရင်လိုက်ပို့မှာပေါ့ ကိုကိုရေချိုးပြီးရင်သွားကြမယ်"

"အွန်းးး"

ခေါင်းလေးကိုပုတ်ကာကိုကိုကရေချိုးခန်းထဲဝင်သွားသည် သူရေထဲမဆင်းတာ‌ကြာတော့အားနည်းနေသည် ကိုကိုကချစ်ရင်သူနေလို့ရတယ်မဟုတ်လား ဘယ်လိုဖြစ်တာပါလိမ့် အချစ်စစ်ရရင် ခြေထောက်တစ်စုံပိုင်ဆိုင်ပြီး‌ကုန်းပေါ်မှာအသက်ရှင်နိုင်ပြီဆိုပေမယ့် သူကခြေထောက်တစ်စုံသာပိုင်ဆိုင်ရပေမယ့် အမြဲမရနိုင်တစ်ခါတစ်ခါအသက်ရှုကျပ်လာကာပုံစံပြောင်းတတ်သည် ဘာဖြစ်လို့ပါလိမ့်

Blue SeaWhere stories live. Discover now