1 \ From 0% to ... \

682 66 10
                                    

Unicode

သစ်သားစားပွဲပေါ် ကျောပိုးအိတ်ကို ပစ်တင်လိုက်သည့် အသံက ခပ်ကျယ်ကျယ် ။ ထိုအသံနောက်မှာ ဟောဟဲလိုက်နေသည့် အမောတကော အသက်ရှူသံတချို့ ။ Zhang Hao ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တော့ ထိုသူက သူ့ဘက်လှည့်ကြည့်ကာ နှုတ်ခမ်းလေးတွန့်သွားရုံ ရေးရေးလေး ပြုံးပြသည် ။

" ဆောရီး ၊ ကျွန်တော် နောက်ကျသွားတယ် ။ အင်္ဂလိပ်ပရော်ဖက်ဆာက မှာတမ်းခြွေတာ နည်းနည်းရှည်နေလို့ .. "

Zhang Hao အမြန်ပင် ခေါင်းညိမ့်ပြလိုက်သည် ။

" အော .. ရတယ် "

စကားတစ်ခွန်းလေးပဲ ပြောလိုက်ရပေမယ့် နဂိုစိုးရိမ်မှုကြောင့်ထင် ၊ သူ့မှာ မီတာတစ်ရာ ပြေးပွဲ ပြေးလိုက်ရသလိုပင် ရင်တုန်နေမိ၏ ။ စီးပွါးရေးမေဂျာက အဲ့ဒီ ဒုတိယနှစ်ကောင်လေးကို မကြောက်ပါဘူးလို့ သူကြွေးကြော်ခဲ့ပေမယ့် တကယ်တမ်း ပရောဂျက်အတူလုပ်ရမည်ဟု ဌာနမှူးကပြောလာချိန်တွင်တော့ သူ့မှာ မရယ်နိုင်တော့စွာ ချွေးပျံသွားခဲ့ရသည် ။

" Hao .. Hyung ..  "

တစ်ဖက်လူ၏ခေါ်သံကြောင့် Zhang Hao သောက်လက်စ စတော်ဘယ်ရီမစ်ရှိတ်ပင် သီးချင်သွားရ၏ ။

" ဘာဖြစ်လို့လဲ ၊ ကျွန်တော် အဲ့ဒီလိုခေါ်တာ ထူးဆန်းလို့လား ။ Music မေဂျာက လူတွေ Hyung ကို အဲ့ဒီလိုပဲ ခေါ်ကြတာ မလား ။ ဒါမှမဟုတ် စီနီယာ Hao လို့  ခေါ်ရမှာလား "

| ငါ့ဌာနက ဂျူနီယာတွေ အဲ့ဒီလိုခေါ်တာ မဆန်းပေမယ့် မင်းနဲ့က ခုမှစတွေ့ဖူးတာလေကွ ! စီနီယာလို့ ခေါ်ရမှာပေါ့ ! |

" ရ..ရတယ် .. အဆင်ပြေသလိုခေါ်  "

" အွန်း ... ဒါဆို အဲ့ဒီပွဲနေ့အတွက် Hyung မှာ ဘာ idea တွေရှိထားလဲ "

" စဉ်းစားထားတာ နည်းနည်းရှိတယ် .. အဲ့တာ .. "

Laptop ထဲက file ကို ဖွင့်ဖို့ ပြင်လိုက်ချိန် အနားကပ်လာသည့် ကောင်လေး၏လက်ဖမိုးပေါ်မှာ ကာတွန်းစတစ်ကာလေးနှစ်ခု သုံးခု ရှိနေသည်ကို Zhang Hao တွေ့လိုက်ရသည် ။ မူလတန်းကလေးများကြိုက်တတ်သည့် ထိုအရောင်လွင်လွင်ကာတွန်းပုံလေးများကို ကြည့်ရင်း နှစ်စက္ကန့်လောက် အံ့ဩသွားရ၍ Zhang Hao မှာ စကားစပင် ရပ်သွားရ၏ ။ တစ်ဖက်လူသည်လည်း သူ့အကြည့်ကို သတိထားမိသွားသည်ထင် ၊ သူ့လက်ကိုသူ ပြန်ငုံ့ကြည့်ပြီး ချက်ချင်းဆိုသလို ရယ်သံသဲ့သဲ့လေးထွက်လာသည် ။

Percentage of Love % | GUNHAO |Where stories live. Discover now