4 \ 60% \

284 52 7
                                    

Unicode

အချိန် ၊ နာရီနှင့် အခိုက်အတန့်တို့ ပြောင်းလဲလာသည်နှင့်အမျှ လူတစ်ယောက်အပေါ်ထားရှိခဲ့ဖူးသည့် ခံစားချက်တို့သည်လည်း တရွေ့ရွေ့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်အထိပင် ပြောင်းလဲလာတတ်ပေသည် ။ စိုးရွံ့သည့် စိမ်းသက်သော ခံစားချက်တို့ဆီမှ တွေ့မြင်နေရခြင်း၌ ပျော်ရွှင်မ်ိသည့် နူးညံ့သော ခံစားချက်မျိုးဆီသို့ ... ။ တစ်လကျော်ဆိုသည့် အချိန်လေးအတွင်း၌ ကျန်းဟောက်၏ ကောင်လေးတစ်ယောက်အပေါ်ထားရှိသည့် ခံစားချက်များမှာလည်း ဤသို့ဤနှယ်ပင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့ပေ၏ ။

တိုတောင်းလွန်းသည့် အချိန်လေးတစ်ခုစာသာဖြစ်သော်ငြား ကျန်းဟောက်သည်တော့ ချစ်စရာကောင်းသည်ဟူသော မှတ်ချက်အမြောက်အများကို တိတ်တဆိတ်ပေးဖြစ်ရင်း ထိုကောင်လေးနှင့် သိသိသာသာကိုရင်းနှီးလာသည်ဟု ခံစားလာရသည် ။ မည်သို့ပင်ဆိုစေကာမူ ၊ ကျန်းဟောက်တိတ်တဆိတ်ပေးထားသည့် မှတ်ချက်အများစုပေါင်းလိုက်လျှင်ပင် ထိုကောင်လေး၏ နွေးထွေးတက်ကြွမှုများအားလုံးကို ဖော်ပြဖို့ရာမလောက်ငှသေး ။ သူဒီထက်ပိုပြီး သတ္တိရှိရှိနှင့် ချီးကျူးချင်စမ်းပါ၏ ။

ဥပမာအနေနှင့် ဆိုရလျှင်အဆောင်အောက်မှာ ဂျာကင်အညိုရောင်နှင့် ရှုတည်တည်ရပ်စောင့်နေတတ်သည့်အချိန်မျိုး၌လည်း ထိုကောင်လေးက ချစ်ဖို့ကောင်းသည် ။ ကျန်းဟောက် လှေကားမှဆင်းလာသည်ကို တွေ့သွားတိုင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတတ်ပုံကလည်း ချစ်ဖို့ကောင်းသည် ။ နောက် .. ၊ လမ်းလျှောက်ရင်း ရယ်စရာများ ပေါင်းထည့်ပြောတတ်ပုံ နှင့် ညဘက်ဖုန်းပြောချိန်တိုင်း ကလေးတစ်ယောက်လို သူ့မကျေနပ်ချက်များ ထည့်ပြောတတ်ပုံ ။ အားလုံးက ချစ်ဖို့ကောင်း၏ ။ အမှန်တော့ ကျန်းဟောက်ကိုယ်တိုင်လည်း နည်းနည်းတော့ ထူးဆန်းနေသည်ဟု ခံစားရ၏ ။

| လူတစ်ယောက်ကို တစ်နေ့တခြား ပိုချစ်ဖို့ကောင်းလာတယ်လို့ မြင်နေမိတာ တစ်ခုခုတော့ ထူးဆန်းနေတယ်မလား ? |

ဒီမေးခွန်းကို အခန်းဖော်ထံ ကျန်းဟောက်မေးကြည့်တော့ အခန်းဖော်ပြန်ဖြေသည်က ရိုးရိုးရှင်းရှင်းပင် ။ " တစ်ဖက်လူက ချစ်ဖို့ကောင်းနေလို့ မင်းက ချစ်ဖို့ကောင်းတယ်လို့ မြင်တာပေါ့ ၊ မထူးဆန်းဘူး " တဲ့ ။

Percentage of Love % | GUNHAO |Where stories live. Discover now