5 \ 80% \

237 41 9
                                    

Unicode

' AI နည်းပညာ လက်ဆင့်ကမ်းပွဲနှင့် မေဂျာပေါင်းစုံစုဝေးပွဲ ' ဟူသည့် ပိုစတာဆိုင်းဘုတ်များသည်ကား တက္ကသိုလ်အားကစားကွင်းကြီးတစ်ခုလုံးအတွင်း၌ နေရာယူလို့ထားလေသည် ။ ရောက်ရှိလာကြသော ကျောင်းသားများသည်လည်း ခင်းကျင်းပြသထားမှုများအား စိတ်ဝင်တစား စူးစမ်းလေ့လာနေကြကာ မကြာခင်ကျင်းပတော့မည့် ဖျော်ဖြေရေးအစီအစဉ်များအတွက်လည်း စိတ်လှုပ်ရှားနေကြ၏ ။

ကျန်းဟောက်တစ်ယောက်မှာတော့ ကိုယ်တိုင်က ဤပွဲ၏ ခေါင်းဆောင်စီစဉ်သူတစ်ဦးဖြစ်နေလေရာ အပြင်ဘက်ကိစ္စများအား အာရုံမစိုက်နိုင်ပဲ ဟိုဟိုဒီဒီပြေးလွှား စစ်ဆေးရင်းသာ အလုပ်များနေရလေသည် ။

" ကျန်းဟောက် ၊ ဒီနေ့ မင်းတယောထိုးမှာလား "

စတိတ်စင်၏ အနောက်ဘက်ပြင်ဆင်ထားမှုကို စစ်ဆေးပေးနေရင်း ထိုစကားကို ကြားလိုက်ရ၍ ကျန်းဟောက် အနောက်ကိုလှည့်ကြည့်လိုက်မိသည် ။

" ငါမထိုးဘူး ၊ ဒီနေ့က ဂျူနီယာတွေ အစွမ်းပြမယ့်နေ့ "

ကျန်းဟောက် ထိုစကားကိုပြောပြီးချိန်၌ ထိုမာစတာတန်းဘက်မှသူငယ်ချင်း၏မျက်နှာထက်တွင် အံ့ဩဟန်အမူအရာများ ဖြတ်ပြေးသွားလေသည် ။ ထို့နောက်တွင်တော့ ကျန်းဟောက်ကိုပါ အထူးတဆန်းဖြစ်သွားစေမည့် စကားတစ်ခွန်းကို ထုတ်ပြောလာ၏ ။

" ဒါဆို ကလေးတွေ တလွဲသတင်းတွေ ကြားထားတဲ့ပုံပဲ "

" ဘာသတင်းလဲ ?! "

" အောက်ကပွဲလာတဲ့ ကလေးတွေက ပြောနေတာ ၊ ဒီနေ့ နာမည်ကြီးတစ်ယောက် စတိတ်စင်ပေါ်တက်မှာလို့ ကြားထားကြလို့တဲ့ ၊ သူတို့က အဲ့ဒီနာမည်ကြီးကိုမျှော်နေတာ ။ ငါ့စိတ်ထဲ နာမည်ကြီးဆိုတော့ မင်းပဲလို့ ထင်လိုက်တာကွာ ၊ တော်တော်များများလည်း မင်းလို့ပဲ ထင်နေကြတာ "

ကျန်းဟောက် လက်ထဲက အစီအစဉ်စာရွက်ကို ပြန်လှန်လိုက်ရင်း နောက်တစ်ကြိမ် ခေါင်းခါပြလိုက်သည် ။

" ငါ မဟုတ်ဘူး ၊ ဒီနေ့ ငါတကယ် စင်ပေါ်မတက်ဘူး ။ စင်အောက်မှာပဲရှိနေမှာ "

••••

Rehearsal Performance များ လေ့ကျင့်နေသည့် အခန်းတွင်း၌ တယောတေးသွားများက စည်းချက်ကျကျ ပျံ့လွင့်နေလေသည် ။ စစ်ဆေးစရာများအပြီး ခဏနားရန် လေ့ကျင့်ရေးခန်းအတွင်းသို့ ဝင်လာသည့် ကျန်းဟောက်မှာ ထိုတယောသံများကို ကြားလိုက်ရရချင်းပင် ပင်ပန်းထားသမျှအကုန် ငြိမ်းချမ်းသွားသလို ခံစားလိုက်ရ၏ ။

Percentage of Love % | GUNHAO |Donde viven las historias. Descúbrelo ahora