3 \ 40% \

263 51 7
                                    

Unicode

ဖုန်း ringtone သံမြည်လာချိန် Zhang Hao နာရီကိုကြည့်လိုက်တော့ ညရှစ်နာရီခွဲ ။ ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ဖုန်း screen ကို လှမ်းကြည့်လိုက်ချိန် မြင်နေကျမဟုတ်သည့်  contact number အသစ်လေးကို မြင်လိုက်ရသည် ။ မည်သည့်ဓာတ်တစ်မျိုး ကူးစက်လာ၍လည်းတော့မသိ  ၊ ထို  အသစ်စက်စက် number လေးအား မြင်လိုက်ရရုံနှင့် Zhang Hao ၏ နှုတ်ခမ်းထောင့်စွန်းများသည် သိသိသာသာလေး မြင့်တက်သွားရလေ၏ ။

" Hello "

" Hello .. Hyung ~ "

Zhang Hao ပဲ စိတ်ထဲ ထင်သည်လားတော့မသိ ၊ ဖုန်းထဲမှ တစ်ဆင့် ကြားရသည့် ထိုကောင်လေး၏ အသံမှာ အပြင်ဘက်၌ လူချင်းတွေ့ပြီး စကားပြောချိန်ထက် တစ်မူ ထူးခြားသလိုပင် ။ ခပ်ရှရှအသံထက်၌ ဆွဲငင်မှုတစ်မျိုးပေါင်းစပ်ထား၍ ညဦးယံအချိန်ကိုပင် ဖမ်းဆွဲထားနိုင်နေသလို အသံမျိုး ။

" Hyung အခုဘာလုပ်နေတာလဲ ၊ ကျွန်တော် နှောင့်ယှက်မိတာမျိုးတော့ မဖြစ်ဘူးမလား "

" မဖြစ်ဘူး ။ ဒီတိုင်း .. နည်းနည်းအားနေလို့ မနေ့က Library ကိုဝင်ရင်း ငှါးလာတဲ့စာအုပ်ဖတ်နေတာ "

" ဟုတ်လား ... နောက်တစ်ခါဆို Hyung နဲ့ အတူတူ Library လိုက်ရမယ် ။ Hyung သွားတဲ့အခါတွေ ကျွန်တော့်ကို အတူတူခေါ်သွားပါလား "

" Library က မင်းတို့ major အဆောင်တွေနဲ့ ပိုနီးတာကို .. "

" ကျွန်တော်က Hyung နဲ့ အတူတူ သွားချင်တာလေ ။ မျှတသွားအောင် ဒီလိုလုပ််ပါလား ~ ကျွန်တော်သွားတဲ့အခါလည်း Hyung ကို ခေါ်သွားမယ် ။ ကျွန်တော်နဲ့ လိုက်မယ်မလား "

တစ်ဖက်လူမှ Library အတူသွားရုံ ခေါ်သည်လေးကိုပင် မိမိနားရွက်ဖျားများမှာ ပူစပြုလာလေရာ Zhang Hao မှာ ရင်ဘတ်ထဲမှ ထူးဆန်းသည့်ခံစားချက်အား ထိန်းချုပ်ရင်းနှင့်ပင် အောက်နှုတ်ခမ်းကို ဖွဖွလေး ဖိကိုက်မိလိုက်၏ ။

" မင်းသဘောပဲလေ ~ "

" တကယ်လား ၊ Hyung သဘောတူပြီးသားနော် ။ ကျွန်တော် လာခေါ်မှ ရှောင်ပြေးလို့မရဘူး "

" မပြေးပါဘူး ၊ ဘာလို့ပြေးရမှာလဲ "

" ဒီလိုဆို နောက်ရက်တွေ ကျွန်တော် မပျင်းရတော့ဘူးပဲ "

Percentage of Love % | GUNHAO |Tahanan ng mga kuwento. Tumuklas ngayon