6 \ 100 % \

138 35 3
                                    

[ Unicode ]

ချစ်မိချိန်များ၌ ချစ်သူ၏နာမည်လေးကြားလိုက်ရရုံနှင့်တင် ရင်ခုန်သံ မြန်ဆန်လာတတ်သည့် သဘာဝရှိသည် ။ ယခုလို စင်ပေါ်တက်ရောက်ဖျော်ဖြေမည်ဟူသည့် ကြေငြာသံအား ကြားလိုက်ရချိန်၌ ကျန်းဟောက်မှာ စိစစ်နေသည့် နာမည်များပင် နံပါတ်စဉ်လွဲချော်ကုန်လေ၏ ။

" ကျန်းဟောက် ၊ မင်းရဲ့ ချာတိတ်လေးကွ "

စင်အောက်မှ အားပေးသံလှိုင်းလုံးများကလည်း အရှေ့အစီအစဉ်များထက်ပင် ကျယ်ကျယ်လောင်လောင် ။ ကျန်းဟောက်ကိုယ်တိုင်လည်း အံ့ဩမှုဖြင့် အရှိန်မသတ်နိုင်ဖြစ်နေကာ အယောင်ယောင်အမှားမှား လိုက်ခေါင်းငြိမ့်မိသည် ။

" ဒီနေ့ရဲ့ အထူးဧည့်သည်တော်ကြီးကို စင်ပေါ်သို့ ဖိတ်ခေါ်ပါရစေခင်ဗျာ "

MC ၏ ဖိတ်ခေါ်သံနောက်၌ စင်ပေါ်သို့ တက်လာသည့် လွတ်လပ်ပေါ့ပါးနေသည့် ကောင်လေး ။ ရှပ်အဖြူနှင့် ဂျင်းအပြာနုနုတွဲစပ်ထားပုံကပင် စင်နောက်ခံရှိ LED ကာလာများထက် ပိုပြီး ထင်းထွက်နေသယောင် ။ ထိုကောင်လေး၏ ငြိမ်သက်နေသည့် မျက်နှာပေါ် အပြုံးတစ်ပွင့်ယှက်သန်းလာချိန်၌ စင်အောက်ရှိ ပရိသတ်ရာချီ၏ နှလုံးသားများပေါ် မြှားတစ်စင်းဖြတ်ပြေးသွားသယောင် ဆူညံကုန်ကြသည် ။

" အားလုံးပဲ ကျွန်တော်တို့ရဲ့ ဒီနေ့ပွဲလေးကို နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ် ။ နောက်ပြီး အားလုံးနဲ့အတူတူ ကျွန်တော်လည်း ပျော်ချင်တာမို့လို့ ဒီနေ့ စင်ပေါ်တက်ခဲ့လိုက်တာ .. "

အပြုံးတစ်ပွင့်နှင့် ခပ်အေးအေးပင်ပြောသည့် လေသံ ။ မျက်မှန်အောက်မှ မျက်ဝန်းတစ်စုံ၏ အကြည့်က ဂီတာကြိုးတွေဆီကနေ ကျန်းဟောက်ရှိရာဘက်ရောက်လာချိန်မှာတော့ ကျန်းဟောက်မှာ လက်ထဲမှ ဘောပင်ကိုပင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မိသွားရ၏ ။

" ပြီးတော့ တစ်ယောက်သောသူလည်း ကျွန်တော့်ကြောင့် ပျော်သွားမလားလို့ မျှော်လင့်မိလို့ .. "

ထိုစကားသံအဆုံး၌ ပွဲတစ်ခုလုံး ဝိုးခနဲဝါးခနဲ စနောက်သံများဖြင့် ဖုံးလွှမ်းကုန်လေသည် ။ ကျန်းဟောက်သည်လည်း ထိုမျက်ဝန်းများ၏ လောင်းရိပ်ထံမှ ရုန်းမထွက်နိုင်တော့ရာ မျက်ဝန်းနှစ်စုံ ငြိတွယ်ချိန်၌ ရင်ခုန်သံဟာ အားကစားကွင်းထဲက လူတွေ၏ အော်ဟစ်သံထက်ပင် ပိုကျယ်လာသယောင် ရှိနေလေ၏ ။

You've reached the end of published parts.

⏰ Last updated: Dec 31, 2023 ⏰

Add this story to your Library to get notified about new parts!

Percentage of Love % | GUNHAO |Where stories live. Discover now