2 \ 20% \

322 59 9
                                    

Unicode

လူတစ်ယောက်၏ ပုံစံအစစ်အမှန်အား တခြားသူများ၏ ပြောစကားများမှတစ်ဆင့် လွယ်လင့်တကူလေး ကောက်ချက်ချလိုက်လို့်မရကြောင်း Park Gunwook နဲ့မှ Zhang Hao တစ်ယောက် ကောင်းကောင်းကြီး နားလည်လာရသည် ။

| ခုလည်းကြည့် ။ All Black ဝတ်ထားပြီး ဆိုဒ်ဂိုက်အပြည့်နဲ့ အလန်းဇယားစတိုင်ဖမ်းထားသလောက် တကယ်တမ်းကျ စျေးထဲက အရုပ်ဆိုင်မှာ တအားပျော်နေတယ် |

" Hyung , အဲ့လိုမကြည့်ပါနဲ့ ။ ကျွန်တော့် ညီမလေးအတွက်ပါနော် "

" ငါ့အကြည့်မှာ ဘာအဓိပ္ပာယ်မှ မပါပါဘူးနော် "

Zhang Hao ပြန်ခံငြင်းလိုက်တော့ တစ်ဖက်လူဆီမှ ရယ်သံခပ်တိုးတိုးထွက်လာ၏ ။

| ရယ်လိုက်ရင် ပိုချစ်စရာကောင်းရဲ့သားနဲ့နော် ။ သူက ဘာလို့ ခဏခဏ မရယ်ရတာလဲ ! |

" Hyung ဒါလေး ယူမလား "

အညိုရောင် မွှေးပွဝက်ဝံရုပ်လေးတစ်ရုပ် Zhang Hao ရှေ့မှောက် ရောက်လို့လာသည် ။ အရုပ်ကလေးမှာ ဦးထုပ် ပန်းရောင်လေးပါ ဆောင်းပေးထားခြင်းခံရ၍ တစ်မျိုးလေး အမြင်ဆန်းကာ ချစ်ဖို့ကောင်းနေ၏ ။

" ဟင့်အင်း ။ တော်ပါပြီ "

| သိတာမှ နှစ်ရက်နဲ့ နေ့တစ်ဝက်ပဲရှိသေးတာကို လက်ဆောင် တန်းယူစရာလားနော် ။ ဒီလူက Image ထိန်းတတ်တဲ့လူတစ်ဦးပါ |

" ဘာလို့လဲ ၊ Hyung မကြိုက်ဘူးလား ။ ချစ်စရာလေးကို "

" မဟုတ် .... "

' I Love You '

ရုတ်တရက် ထွက်လာသည့် အသံလေးကြောင့် Zhang Hao မှာ မျက်လုံးပြူးသွားရ၏ ။ တရားခံဖြစ်သူကတော့ Zhang Hao ၏ ချက်ချင်းလက်ငင်းတုံ့ပြန်မှုအပေါ် တခစ်ခစ်ရယ်ကာ နောက်တစ်ကြိမ် အရုပ်၏ ရင်ဘတ်ကလေးကို ထပ်ဖိနေပြန်သည် ။

' I Love You '

' I Love You '

" ချစ်စရာလေးမလားဟင် Hyung ။ ယူလိုက်နော် ကျွန်တော် လက်ဆောင်ဝယ်ပေးချင်လို့ "

Zhang Hao မှာတော့ ဆွံ့အနေမှုနှင့်သာ တောင့်တောင့်ကြီးရပ်နေမိကာ ခေါင်းလည်းမညိမ့်မိ ၊ ခေါင်းလည်းမခါလိုက်မိ ။ ဘာပြန်ပြောလို့ ပြောရမည်မှန်းကိုပင် မစဉ်းစားတတ်တော့သလိုပင် ။ အမှန်ဆို ဒီလို အသံမြည်တဲ့ အရုပ်မျိုး ခုမှမြင်ဖူးတာလည်းမဟုတ်ပဲ ခုကျမှ ဘာလို့ ရုတ်တရက်ကြီး တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရတာပါလိမ့် ။

Percentage of Love % | GUNHAO |Where stories live. Discover now