"ဆရာ ကျွန်တော်တို့ record ကိုစစ်လိုက်ရမလား"
"ဟင့်အင်း ထားလိုက် မစစ်နဲ့တော့"
ဖုနး်ကိုင်ရင်း ဘေးဘက္မှာ ကွေးကွေးလေးအိပ်ပျော်နေသောရွက်စိမ်းကို ကြည့်ရင်း ငြင်းမိသည်။
နှုတ်ခမ်းထက် ညိုနေကာ သူထင်တိုင်းကြဲထားတာကြောင့် သူမခမျာ အဖျားတက်ရင်း ကားပေါ်မှာ လိုက်ပါလာရသည်။အိပ်လို့ရအောင်ခုံကိုလုပ်ပေးထားတာမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ငြိမ်သက်နေသည်။
တစ တစ ကျနေတဲ့ ဆံနွယ်လေးကို သပ်တင်းရင်း အံကိုတင်းတင်းကြိတ်မိသည်။ကားမောင်းနေတဲ့ ဂျိုကာက ဘေးဘီဝဲယာကို အာရုံပြုကာ ကားကိုမောင်းနှင်နေသည်။
မိုက်တာဆန်ကတော့ သေနတ်တစ်လတ်ပေါင်ပေါ်တင်ကာ မှန်ဘီလူးတစ်လုံးနှင့်အလုပ်ရှုပ်နေ၏။ဒီလမ်းဟာ ကြမ်းတမ်းပေမယ့် သူမကို မထားခဲ့နိုင်။
စာအပေးယူလုပ်ခဲ့တယ်ဆိုရင်လည်း သူမခံစားနိုင် ၊ဒါကြောင့် ပြန်လည်စစ်ဆေးဖို့ကိုညသူငြင်းဆန်လိုက်သည်။ဖောက်ပြန်တယ်သံသယ၀င်တာတောင်ပူလောင်ရတာ
တကယ်များသာမျက်္မြင်တွေ့ရရင်သူ ရူးသွားနိုင်သည်။
ဒါကြောင့် သူမကြောက်၍ဖြစ်စေ
ချစ်၍ဖြစ်စေ ဘယ်လိုအကြောင်းရာဖြစ်ဖြစ်
အနားမှာရှိနေဖို့အဓိက"ခွန်!!!!'
"မင်းအဆင်ပြေရဲ့လား"
"ရေဆာတယ်"
"အင်း လာ ကိုယ်ထူပေးမယ်"
"ရပါတယ် ရေပဲပေးပါ"
သူမအပြောကိုမစောင့်ဘဲ ကိုယ်တိုင် ရေကိုပိုက်လေးနဲ့တိုက်လိုက်သည်။
လိမော်သီးလေးကို နွှာပြီး လက်ထဲထည့်ပေးတော့ ငြိမ်ငြိမ်လေးစားနေ၏။"အပြင်ရှုခင်း ကြည့်နေလေ စိတ်ပြေလက်ပျောက်!!'
နက်ရှိုင်းသောချောက်ကမ်းပါးနှင့် မှုန်မှိုင်းနေသော ရာသီဥတုအချိန်အခါက လှပမှုထက် ထိတ်လန့်မှုကိုသာပေးနေတာမသိရော့သလား
လမ်းသေးသေးလေးမှာ ရေတွေချောပြီး။ချောက်ထဲများကျခဲ့ရင် ဆိုတဲ့အတွေးကြောင့် ဘေးဘီဝဲယာတောင် မကြည့်မိ

YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...