Part-1

156 6 2
                                    

Nanon's POV

ကောင်းမွန်ခြင်းများပြည့်စုံနေတဲ့ မနက်ခင်းတစ်ခုမှာ ကိုယ့်ကိုယ်ကိုမှန်ရှေ့မှာရပ်ပြီး ကြည့်နေမိတယ်။အချိန်အားဖြင့်၇:၃၀လောက်ရှိလောက်မယ်။မှန်ထဲက
တစ်ယောက်က တကယ့်ကိုမှ ကျွန်တော့်ရဲ့ငယ်ဘဝနဲ့ လုံးဝကြီးခြားနားနေတယ်လို့ဆိုရမလား။အခုမှန်ထဲကနေ ပြုံးပြနေတဲ့ကောင်လေးကတော့ ကျွန်တော့်ရဲ့reflection ဖြစ်လိမ့်မယ်။အံဩစရာပဲနော်ပြန်စဉ်းစားကြည့်တော့။အရင်ကခပ်ဆိုးဆိုးလူမိုက်ပုံစံဖမ်းနေတဲ့ ကျွန်တော်လိုတစ်ကောင်ကြွက်က အခုလိုမျိုးခန့်ညားပြီးလူကောင်းဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ။ဒါတွေအားလုံးဟာ ကျွန်တော့်အချစ်ဦးကြောင့်လို့ပြောရမလား။သူမကသာတစ်ဦးတည်းသော ကျွန်တော့်ရဲ့ကယ်တင်ရှင်လေပေါ့။သူမကြောင့်သာမဟုတ်ရင် အခုချိန်ဘယ်ချောင်မှာခွေပြီး ကလေကချေဖြစ်နေမလဲမတွေးရဲစရာဘဲ။
ကျွန်တော့်လိုတစ်ကောင်ကြွက်ကို သူမတစ်ယောက်တည်းကသာ သည်းခံပြီးပြန်ချစ်ခဲ့တာပါ။သူမဟာဘယ်လောက်တောင် ကျွန်တော့်အပေါ်အရေးပါ
လိုက်လည်း တွေးရင်ပြုံးနေချင်မှာပဲ.....သူမရဲ့ခေါ်သံကြောင့်အတွေးများ ရပ်တန့်သွားတယ်။

P-Nanon....

N-kurb.လာပါပြီဗျာ။

P-Nanon ဘာတွေလုပ်နေလို့ဒီလောက်တောင်ကြာနေတာလဲ။အချိန်ကိုကြည့်အုံး။သွားခါနီးနေပြီ။နောက်ကျလို့မမှီရင်ဘယ်လိုလုပ်မယ်......

အရင်အတိုင်းကျွန်တော့်ကိုဆူလို့ကောင်းနေတုန်းပဲ။မသိရင်သူက ကျွန်တော့်အမေကျနေတာပဲ။ပါးစပ်ကတော့ထုပ်မပြောမိဘူး မဟုတ်ရင်ဒိထက်ပိုပြောနေမှာ။ကျွန်တော်တို့က ၇နှစ်သက်တမ်းရှိပြီဖြစ်တဲ့ရည်းစားတွေဆိုပေမဲ့လည်း တကယ်သူ့အပြောကိုတခါတခါမခံနိုင်ဘူး။နတ်သမီးလေးလိုလှပြီးစိတ်သဘောထားပြည့်ပေမဲ့လည်း........ကျွန်တော့်ကိုဆိုရင်တော့....တကယ်ပြောတာပါ။
ကျွန်တော်ကပဲဆိုးတယ်လို့ထားလိုက်ပါ။

P-Nanon....Ploy ပြောနေတာတွေကြားရဲ့လား။

N-huh?Ploy ကဘယ်တွေပြောနေတာလဲ။

P-ကြည့်တွေ့တယ်မလား။ပြောတာကိုနားမထောင်ဘဲ နေ့တိုင်းတွေ့နေတဲ့ ဒီမျက်နှာပဲကြည့်နေတာလဲ။

Last Piece Of Mine Where stories live. Discover now