Part 3

45 5 2
                                    

ဒီမနက်လေးတင်ပဲပစ္စည်းတွေအကုန်သိမ်းဆည်းပြီးလေဆိပ်ကိုထွက်လာခဲ့တယ်။ကျောင်းကဆရာကတော့ကျွန်တော့်ကိုစိတ်ဆိုးတယ်တဲ့ဘာလို့ဆို
တော်တဲ့ကျောင်းသားတစ်ယောက်ကmaster မယူဘဲအကုန်လုံးလွှတ်ချလိုက်လို့တဲ့။ဒါပေမဲ့ကျွန်တော်
လည်းဘယ်တတ်နိုင်မှာလဲ။Professional photographer ဖြစ်ဖို့က ကျွန်တော့်အိမ်မက်ဆိုပေမဲ့
လည်းအခုချိန်မှာPloy ကိစ္စကပိုအရေးကြီးနေတာမို့ ထိုင်းကိုအပြီးပြန်လာဖို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Chimon's POV

ဒီနေ့ပဲNanonကထိုင်းကိုအပြီးပြန်လာမယ်လို့ပြောတယ်။ကျွန်တော်လာကြိုရမလားဆိုတော့မကြိုနဲ့သူ့ဟာသူလာမယ်တဲ့လေ။Nanonက Ploy နဲ့ပက်သက်ရင်ဘယ်လောက် sensitive ဖြစ်လဲကျွန်တော်အသိဆုံးပါ။အခုလည်းကြည့်ချက်ချင်းပြန်လာတာ။ကျွန်တော်ကNanon ရဲ့ထိုင်းနိုင်ငံကတစ်ဦးတည်းသောသူငယ်ချင်းဆိုတာမှန်ပေမဲ့သူ့ဘဝမှာPloy ကလွဲလို့ဘယ်သူမှမရှိခဲ့တာအမှန်ပဲလေ။ကျွန်တော်လည်းဝမ်းနည်းရတယ်။ဘာပဲပြောပြောPloyကလည်းကျွန်တော့်အတွက်အမလိုမျိုးပဲဆိုတော့။သူ့အကြောင်းတွေးလို့
မဆုံး၊လာပါပြီ.....အကိုတော်က။

N-ဘယ်မှာလဲ။

C-ဘာကိုလဲ?

N-Ployလေ။

C-Ploy ကသေသွားပြီလေ။

N-ငါမယုံဘူး Ploy လိုလူကဘယ်လို့အသတ်ခံရမှာလဲ။အဓိပ္ပာယ်မရှိတာ။အခုဘယ်မှာလဲPloy။
Ployဘယ်မှာလဲဆိုတာမင်းသိတယ်မလား။ငါ့ကိုပြောသူဘယ်မှာလဲ။

Ployပြောသလိုပဲစကားကိုဘယ်လိုမှကောင်းကောင်းမပြောဘူးဆိုတာ။ကျွန်တော်နားလည်ပါတယ်အခုချိန်သူဘယ်လိုခံစားရမလဲဆိုတာ။ကိုယ့်
သူငယ်ချင်းအကြောင်းကိုယ်အသိဆုံးမို့ကျွန်တော်ကပဲသည်းခံပေးလိုက်ပါတယ်။သူနဲ့အခုချိန်ဖက်ပြီးရန်ဖြစ်နေလို့မှမရတာ။

C-ငါ့နောက်လိုက်ခဲ့။

ကျွန်တော်လည်းဘာစကားမှရှင်းပြမနေတော့ဘဲPloyရှိတဲ့ဆေးရုံကိုပဲခေါ်သွားလိုက်တော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Nanon's POV

Ployသေတယ်ဆိုတာကိုကျွန်တော့်မျက်လုံးနဲ့ကိုယ်တိုင်တွေ့ရမှယုံနိုင်မယ်။အမှန်တရားကိုကျွန်တော်ကပဲ
လက်မခံနိုင်ဘူးဆိုတာသိပါတယ်။စိတ်ကတိုနေတာရောအစတည်းကစကားကောင်းကောင်းမပြောတာရောကြောင့်Chimonကိုရန်တွေ့သလိုပြောလိုက်မိ
တယ်။Chimonကလည်းကိုယ့်ရဲ့တစ်ယောက်တည်းသောသူငယ်ချင်းဆိုတော့ကျွန်တော်ဘယ်လောက်ဆိုးကြောင်းသိတဲ့အတွက်သူကပဲသည်းခံလိုက်တာကိုပဲကျေးဇူးတင်ရမယ်။Chimonကသူ့နောက်လိုက်ခဲ့ဆိုတာကြောင့်ကျွန်တော်လည်းဘာမှမပြောဘဲလိုက်သွားလိုက်တယ်။
Chimonဦးဆောင်ပြီးသွားနေတဲ့နေရာကဆေးရုံရဲ့
ဓာတ်ခွဲခန်းထဲသို့တည့်တည့်။စိတ်ထဲကနေ
မဟုတ်ပါစေနဲ့လို့အကြိမ်ကြိမ်ဆုတောင်းမိတာဘယ်နှစ်ခါမှန်းမသိတော့တဲ့အခြေအနေ။အခုချိန်လူကလည်းခန္ဓာကိုယ်တစ်ခုလုံးပြိုလဲချင်စိတ်တွေအပြည့်။အခန်းထဲရောက်တော့Chimonကကျွန်တော့်ကိုဘာစကားမှမပြောပေမဲ့ခေါင်းနဲ့ညာဘက်မှာရှိတဲ့ကုတင်ဆီသို့ညွှန်ပြတယ်။
ကုတင်ပေါ်ကခန္ဓာကိုယ်ကိုအဖြူရောင်အခင်းနဲ့
အုပ်ထားတာကိုတွေ့ရတယ်။ဘယ်သူမှန်းမသိပေမဲ့ကျွန်တော့်မသိစိတ်ကတော့Ployမဟုတ်ပါစေနဲ့လိုဆုတောင်းမိနေတုန်း။အဖြူရောင်အခင်းကိုလက်တုန်ရင်စွာနဲ့ပဲဖယ်ပစ်လိုက်တယ်။
မဟုတ်ပါစေနဲ့လို့ဆုတောင်းပေမဲ့ကံဆိုးစွာဖြင့်မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူး။ကြည့်ရတာကံကြမ္မာက ကျွန်တော့်စကားနားမထောင်ဘူးထင်ပါရဲ့။ဟာသပဲကျွန်တော့်လို့ဆိုးသွမ်းတဲ့ကောင်ကိုဘယ်သူကအလို
လိုက်မှာလဲ။Ploy......Ploy တစ်ယောက်တည်းပဲ။

Last Piece Of Mine Where stories live. Discover now