Part 6

43 5 9
                                    

The world is mysterious........nah...you're the one who is mysterious.

O-မင်း.......Perth

Perthလို့နာမည်ခေါ်လိုက်တော့ထွက်ပြေးမယ်လုပ်တဲ့တစ်ယောက်

O-နေဦးမင်း

အကျီဂုတ်ကနေလှမ်းဆွဲလိုက်တယ်

O-Perthမင်းဟုတ်တယ်မလား

P-ကျွန်တော်Perthမဟုတ်ပါဘူး။လူမှားနေပြီထင်တယ်

ကျွန်တော့်ဘက်ကိုမျက်နှာမလှည့်ဘဲပြောနေတယ်။လူမမှားပါဘူးဒီအသံကိုမှတ်မိနေတာPerthဆိုတာသေချာတယ်။

O-Perthမင်းဘယ်အချိန်ထိထွက်ပြေးနေမှာလဲ

ကျွန်တော်အဲ့လိုပြောလိုက်မှတစ်ဖက်ကသက်ပြင်းချပြီးဒီဘက်ကိုမျက်နှာလှည့်လာတယ်။ဟုတ်နေတာပဲ.....

O-Perth

P-Phi.....

စိတ်ကနေပေမဲ့လူကမနေတော့Perthရဲ့ခေါင်းကိုဖျက်ကနဲရိုက်လိုက်တယ်။

P-Phi.....ဘာလို့ရိုက်တာလဲ

O-ဘာလို့ရိုက်တာလဲဟုတ်လား။မင်းဘာလို့မိဘမဲ့ဂေဟာကထွက်ပြေးသွားလဲဆိုတာငါကမေးရမှာမဟုတ်ဘူးလား

P-P'Ohmကလည်းကျွန်တော်ထွက်ပြေးတာမဟုတ်ပါဘူး....ကျွန်တော့်မိဘအရင်းတွေကိုရှာမလို့

O-ဗြောင်မလိမ်နဲ့မင်းအကြောင်းငါမသိဘဲနေမလား။ငါကမင်းအကိုလေ

Perthကကျွန်တော့်ရဲ့ညီလေးပေါ့။အရင်းတော့မဟုတ်ပါဘူးဒါပေမဲ့မိဘမဲ့ဂေဟာမှာအတူတူကြီးပြင်းလာတော့ညီအကိုတွေလိုပဲ။ဂေဟာကနေထွက်ပြေးသွားလို့လိုက်ရှာနေတာအခုမှတွေ့တယ်။

P-Phiရာတော်ပါတော့။အခုလည်းပြန်တွေ့နေပြီပဲဟာ။မဆူနဲ့တော့

ပြောလိုက်ရင်ဒီပုံစံပဲ

P-Phiကဘယ်လိုသိတာလဲကျွန်တော်ဂေဟာကထွက်ပြေးသွားတယ်ဆိုတာ။Phiဂေဟာမှာမနေတော့တာအထက်တန်းကတည်းကကို

O-P'Tay ပြောတာ

P-တကယ်ပဲP'Tayကတော့မပြောပါနဲ့ဆိုတာကို

O-မင်းအခုဘယ်မှာနေနေလဲ

P-ကျွန်တော်တက်ခဲ့တဲ့ကျောင်းနားကအဆောင်မှာ

Last Piece Of Mine Where stories live. Discover now