Part 10

35 2 7
                                    

Even though it's tough time for us but I will choose u till the end....

ပြတင်းပေါက်ကနေဖြာချလာတဲ့အလင်းရောင်ဟာဆိုရင်ကုတင်ပေါ်မှာအိမ်မောကျနေတဲ့ကောင်လေးကိုအနှောက်အယှက်ပေးနေသလို။မျက်နှာကိုထိုးလာတဲ့နေရောင်ကြောင့်စိတ်မကြည်လင်စွာမျက်မှောင်ကျုံမိလေသည်။မျက်လုံးများကိုဖွင့်စေလိုက်တော့စိုးရိမ်တကြီးကြည့်နေတဲ့Ohm

Ohmကချက်ချင်းဆိုသလိုထောင်ချီတဲ့မေးခွန်းတွေတစ်ခုပြီးတစ်ခုမေးပါလေရော။ဥပမာနေကောင်းလား၊အဆင်ပြေရဲ့လား၊ခေါင်းမူးလား၊အားရှိလားအစရှိသဖြင့်ပေါ့။ဒါမဲ့သူမေးတဲ့မေးခွန်းတစ်ထောင်ကျော်ကိုဖြေဖို့နေနေသာသာကျွန်တော်ကိုယ်တိုင်တောင်ကိုယ့်ကိုယ်ကိုပြန်မေးခွန်းထုတ်ရမဲ့အဆင့်လေ။ဘယ်လိုဖြစ်ပြီးအိမ်ပြန်ရောက်နေတာလဲလို့?

မေးနေတာတွေမဖြေမိပဲထိုင်ဖို့ကြိုးစားတော့Ohmကအလိုက်သိလုပ်ပေးရှာတယ်။ခေါင်းအုံးလေးကိုကျွန်တော့်ကျောနောက်ကိုထားပေးလို့ဂရုတစိုက်လုပ်ပေးနေတဲ့သူကိုအရိပ်တကဲကဲလိုက်ကြည့်မိနေတော့တယ်

N-Ohm.....ငါဘယ်လိုဖြစ်ပြီး....

O-မင်းအိပ်နေတာ၃ရက်ရှိပြီ

Ohmပြောသလိုကျွန်တော်အိပ်ပျော်နေတာ၃ရက်ရှိပြီဆိုလို့လန့်သွားတာတော့အမှန်။ဒီအခြေအနေကိုသိတဲ့Ohmက

O-မင်းဘာမှမဖြစ်ပါဘူးP'Tayဆေးသေချာပေးထားတယ်။မင်း၃ရက်မေ့နေတာဟိုအဆိပ်ငွေ့တွေရူမိလို့မလား။ခုကအချိန်မှီပြီးနည်းနည်းပဲရှုလိုက်မိလို့တော်သေးတယ်အကယ်၍မင်းရှူလိုက်တဲ့အငွေ့တွေအဆုတ်ထဲရောက်သွားရင်အသက်အန္တာရယ်များနိုင်တယ်

N-ငါ့ကြောင့်မင်းပင်ပန်းနေမှာပဲ

O-မပင်ပန်းဘူးNon။ငါကဘာလို့ပင်ပန်းရမှာလဲငါကမင်းကိုကာကွယ်ပေးမှာမို့လို့။ပြီးတော့မင်းဘာမှစိတ်မပူနဲ့ငါလည်းရှိတယ်ChimonရောPerth ရောမင်းနဲ့အတူရှိတယ်လေ

N-အင်းကျေးဇူးပဲ

Ohmကိုကျေးဇူးတင်တဲ့အနေနဲ့ပြုံးပြလိုက်တယ်သူကလည်းကျွန်တော့်ကိုပြန်ပြုံးပြလာတယ်လေ။ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေချိန်မှာပဲအဖျက်သမားရောက်လာပါတယ်။နှစ်ယောက်မရှိတဲ့ချစ်သူငယ်ချင်းလေးChimon

Last Piece Of Mine Donde viven las historias. Descúbrelo ahora