Part 5

37 5 7
                                    

Being together is enough for us but when you left me..... I'm all alone now,I thought we're meant to be......was it an illusion?

🍁8.5.2015🍁

နွေဦးမနက်ခင်းတစ်ခုမှာကောင်လေးတစ်ယောက်မလှပစွာမနက်ခင်းတစ်ခုကိုစတင်လိုက်ရသည်။

Ployနဲ့ကျွန်တော်ရင်းနှီးသွားပြီ။သူငယ်ချင်းတွေဖြစ်သွားတယ်ဆိုပါတော့။ဒီမနက်ပဲအပြင်မှာတွေ့ရအောင်ဆိုလို့ချိန်းထားတဲ့နေရာကိုသွားနေတာ။သွားနေတဲ့လမ်းမှာကျွန်တော်ငယ်ငယ်ကအမေနဲ့လာပြီးကစားနေကြကစားကွင်းကိုတွေ့လို့ခဏလောက်ဝင်လိုက်သေးတယ်။ကစားကွင်းထဲမှာဟိုကြည့်ဒီကြည့်နေရင်းကလေးလေးတစ်ယောက်ကိုကောင်လေး၅ယောက်လောက်ရှိတဲ့အဖွဲ့ကဝိုင်းပြီးပိုက်ဆံတောင်းနေတာတွေ့လိုက်တယ်။မသေချာလို့အနားသွားကြည့်တော့
အော်ဒီ၅ကောင်ကကျွန်တော်တို့ကျောင်းက
ကလေကချေတွေပဲ။

ကျွန်တော်လည်းသည်းမခံနိုင်တာကြောင့်သူတို့နားသွားပြီးကလေးလေးကိုလှမ်းခေါ်လိုက်တယ်။

B 1- မင်းဘာလုပ်တာလဲ။

N-ငါလား။ညီလေးကိုလာခေါ်တာလေ။

B 2-မင်းကNanonမှလား။ကျောင်းမှာကလေကချေပုံစံနဲ့။ဘာလဲအပြင်မှာလာပြီသူတော်ကောင်းဖြစ်ချင်နေတာလား55555

N-ငါဘာပဲဖြစ်ဖြစ်မင်းတို့အပိုမပါဘူး။ဒါပေမဲ့သေချာတာကငါကမင်းတို့လိုမျိုးတော့မယုတ်မာဘူး။

B 3-ဘာပြောတယ်။

သူတို့ထဲကနောက်လိုက်အကောင်တစ်ကောင်ကထိုးမလို့ပြင်လိုက်တဲ့လက်ကိုကျွန်တော်ကရှောင်လိုက်တယ်။သူ့ဘာသာလက်ချောပြီးမြေကြီးနဲ့မျက်နှာနဲ့မိတ်ဆိတ်သွားတယ်။

N-ဟေ့ ငါဘာမှမလုပ်ဘူးနော်။မင်းဘာသာအသုံးမကျတာ။

အဲ့တာနဲ့နောက်ထပ်တစ်ယောက်ကကျွန်တော့်ကိုအနောက်ကနေလည်ပင်ကိုဖက်လာတယ်။ကျွန်တော်ကလည်းအနောက်ကလူကိုအားယူပြီးအရှေ့မှာရှိတဲ့တစ်ယောက်ကိုခြေထောက်နှစ်ဖက်နဲ့စုံကန်လိုက်တယ်။အနောက်ကတစ်ယောက်ရဲ့ဗိုက်ကိုတံတောင်နဲ့ထိုးချလိုက်တယ်။ပြီးတော့သူ့ဖက်ကိုလှည့်ပြီးလက်နဲ့အားပြင်းပြင်းတစ်ချက်ထိုးချလိုက်တယ်။အနောက်လှည့်လိုက်တဲ့အချိန်မှာသတိလက်လွှတ်သွားတဲ့အတွက်သူတို့ထဲကတစ်ယောက်ကကျွန်တော့်ရဲ့ဗိုက်ကိုတုတ်နဲ့ဆောင့်ထိုးလိုက်တာကြောင့်မြေပြင်ပေါ်သို့ကျွန်တော်လဲကျသွားခဲ့တယ်။ကျွန်တော်ပြန်မခုခံနိုင်အောင်ချောင်ပိတ်ခံလိုက်ရတယ်။မြေပြင်ပေါ်မှာလဲနေတဲ့ကျွန်တော့်ကိုသူတို့ကစပြီးရိုက်နှိက်ကြတော့တာပဲ။

Last Piece Of Mine Where stories live. Discover now