P.2

5.1K 308 48
                                    

Uni

" ကိုကို "

" .... "

" ခေါ်ရင်ထူးလေဗျာ ယဉ်ကျေးမှုမရှိလိုက်တာ ပြန်ခေါ်မယ် ပြန်ထူး ကိုကို "

" အင်း "

" ဟီး ချစ်စရာကြီး မွ "

ရိပေါ်ရှောင်းကျန့်၏ပါးအားညှစ်လိုက်ပြီး ပါးတစ်ဖက်ကိုလှစ်ကနဲ နမ်းပလိုက်သည်။ရေခဲတုံးဆိုပေမယ့် သူ့ရဲ့ first love ,first kissတွေကို ပထမဆုံးသူပေးမိသူပင်ဖြစ်သည်။သူတကယ်တော့ ရည်းစားထားဖို့စိတ်ကူးတောင်မရှိခဲ့ပါ။မခုတော့မတူညီစွာပင်ဖြစ်နေပါသည်။

" ကိုကိုသိလား အစကလေ ရည်းစားထားဖို့တောင်စိတ်ကူးမရှိဘူး ကိုကို့တွေ့တော့ ကိုကိုနဲ့လက်ထက်ချင်စိတ်ပါဖြစ်သွားတာ အရှင်းဆုံးပြောရရင် ကိုကို့ပါယူချင်သွားတာ ဟီး "

" .... "

ရိပေါ်သည် ရှောင်းကျန့်နားကော်လိုကပ်ကာ ရှောင်းကျန့်အားလာကြည့်သူတိုင်းကို မျက်စောင်းသေးသေးလေးပြန်ပေးတတ်သည်။သူ့ကိုတစ်ကျောင်းလုံးရှိလူများတောင်သိနေလေပြီ။ရှောင်းကျန့်၏အရေးအပေးဆုံးသူဆိုပြီးလည်းအတင်းတုပ်ကြသည်။ ရိပေါ်သည် ထိုအတင်းများကိုပျော်ပျော်ကြီးထိုင်နားထောင်တတ်သည်။သူ့အားရှောင်းကျန့်ကအရေးပေးသည်ဟု အားလုံးပြော၍ပျော်မိသော်လည်း တကယ်တမ်း သူကသာကပ်နေတာ ဟိုကရေခဲတုံးကရေခဲတုံးပဲ။ရိပေါ်သည် သူလုပ်ချင်ရာကိုသာလုပ်တတ်သည်။ပတ်ဝန်းကျင်ဟူသည့်အမျိုးအားခေါင်းထဲပင်မထည့်တတ်သူဖြစ်သည်။

" ကိုကို ဟိုဟာစားချင်တယ် "

" .... "

ကျောင်းအပြင်ဘက်ရှိရေခဲမုန့်ဆိုင်အားလက်ညှိုးထိုးပြကာစားချင်ကြောင်းပြောမိလေတော့ အကြည့်တစ်ချက်သာပြန်ရလေသည်။၃စက္ကန့်လောက်တောင်မကြာလိုက် ဟိုဘက်သို့ပြန်လှည့်သွားပြန်သည်။

" ဝယ်ကျွေးပါနော် ကိုကို့ပိုက်ဆံနဲ့စားချင်တာ "

ရှောင်းကျန့်ဟာ ရိပေါ်ပူဆာသော်လည်း ရှေ့ကထွက်သွားသည်။ရိပေါ်၏မျက်နှာလေးသည် ချက်ချင်းဆူပုတ်ပုတ်ဖြစ်ကာ မြေကြီးပေါ်သို့ထိုင်ချလိုက်သည်။ရှောင်းကျန့်လာထူမည်ဟုထင်လိုက်သော်လည်း လာမထူသည့်အပြင် ဘယ်ရောက်သွားမှန်းမသိသည့်သူကြောင့် အော်မိတော့သည်။

Black King{ Complete✓ }Where stories live. Discover now