P.5

4.5K 276 40
                                    

Uni

တီ

ရေချိုးခန်းမှအထွက် ရောက်လာသည့်နိုတီသံလေးကြောင့် ရှောင်းကျန့်ဖုန်းအားကြည့်လိုက်လေသည်။ပုံလေးတစ်ပုံရိုက်ပြီး ပို့ထားသည်မို့ ထိုပုံလေးကိုကြည့်နေရင်း ပုံလေးနောက်မှ လက်ပတ်ကြော်ညာလေးကြောင့် ရှောင်းကျန့်ပြုံးလိုက်မိသေးသည်။ထိုပုံမှ နဂါးရုပ်လေးနှင့် ပလက်တီနမ်လည်ဆွဲလေးကြောင့် ရှောင်းကျန့် ပြုံးလိုက်မိသေးသည်။All black ကိုသာဝတ်ဆင်တတ်သူမို့ တစ်စုံကိုကောက်ဝတ်လိုက်ပြီး Z Hand chain ဆိုင်အားဖုန်းဆက်ကာ နောက်ဆုံထွက်ပစ္စည်းလေးအား သေချာထုတ်ပိုးကာ လိုချင်နေသူထံပို့ဆောင်ခိုင်းလေတော့သည်။

အရာအားလုံးပြီးစီးသည်နှင့် private jet ပေါ်တက်ကာ ကျောင်းသို့သွားလေတော့သည်။ကျောင်းရောက်သည်နှင့် သူ၏ကိုယ်ပိုင်လမ်းလေးသို့ ဦးတည်သွားနေတုန်း ပိတ်ရပ်လာသောကောင်ငယ်လေးတစ်ယောက်ကြောင့် ရှောင်းကျန့်မျက်ခုံးအစုံဟာဆိုရင်ဖြင့် စုကြုံ့ကာနေလေတော့သည်။ထိုကောင်လေးသည် တုန်တုန်ယင်ယင်ဖြင့် ချစ်ကြောင်းဖွင့်ဟသော်လည်း ရှောင်းကျန့်သည်ရှောင်ထွက်လာလေတော့သည်။ရှောင်းကျန့်ဟာထိုလိုလူဖြစ်သည်။သူစိတ်မဝင်စားလျှင် အားမနာတတ်သလို သနားတတ်ခြင်း စာနာတတ်ခြင်း ဂရုစိုက်ခြင်းလုံးဝမရှိသည့်သူများဖြစ်သည်။

ရှောင်းကျန့်ပျင်းနေသည်မို့ သူသောက်တတ်သည့်ကော်ဖီများအား သူ့အကြိုက်ဖျော်တတ်သူများသာသီးသန့်ခန့်ထားသော ဆိုင်လေးအတွင်းသို့ဝင်ကာ ကော်ဖီအားမှာ၍ သောက်နေလေသည်။ထိုအချိန် ပြုံးပျော်ကာဖြင့် အသံဆာဆာလေးဝင်လာသောကောင်ငယ်လေးကြောင့် ရှောင်းကျန့်ဟာ ဘေးရှိ ဖုန်းအားကောက်ကိုင်၍ ဖုန်းကြည့်နေလေသည်။

" ကိုကို "

လက်ပတ်လေးအားထောင်ပြကာပြေးလာသည့် ကလေးငယ်လေးသည် ရှောင်းကျန့်နားမရောက်ခင် အနည်းငယ်အလိုတွင် ခုံနှင့်ခလုတ်တိုက်ကာ ရှောင်းကျန့်၏စားပွဲခုံစောင်းနှင့် ရိုက်မိမလိုဖြစ်သွားသော်လည်း မရိုက်လိုက်ပေ။အကြောင်းအရင်းသည် ရှောင်းကျန့်သည် ထိုစာပွဲခုံစောင်းအား လက်နှင့်ကာလိုက်သောကြောင့်ဖြစ်သည်။

Black King{ Complete✓ }Where stories live. Discover now