Extra

3.5K 185 15
                                    

Uni

{ Extra တွေက ဆက်စပ်မှုမရှိတာလေးတေရှိနိုင်ပါတယ်ဗျ ဒါလေးကိုလွမ်းလို့ပါဗျာ }

Interview.....

" သမ္မတကြီးရှင့် လူထုကိုအရမ်းငဲ့ညှာပေးလို့ လူထုက ဆမ္မတကြီးကိုအလွန်သဘောကျနေကြပါတယ် အဲ့အပေါ်သမ္မတကြီးဘာများပြောချင်ပါသလဲ "

" ..... "

" အာ နောက်တစ်ခုမေးပါမယ်ရှင့် သမ္မတကြီးရဲ့အရမ်းချစ်ရတဲ့အမျိုးသားလေးအကြောင်းပြောပြပေးပါလား "

" သူ့အကြောင်းကို ကိုယ်တိုင်သိရင်လုံလောက်ပြီ ပြောမပြလည်းဖြစ်မယ်ထင်တယ် "

" အော် အော် ဟုတ်ကဲ့ပါရှင့် "

" သူစောင့်နေလောက်ပြီ ခွင့်ပြုပါ "

ရှောင်းကျန့်သည် ထိုစကားပြောကာ ထိုနေရာမှလှည့်ထွက်သွားလေသည်။အင်တာဗျူးသည့်မိန်းကလေးနှင့် ကျန်လူများမှာ စွံ့အလျက်ကျန်နေခဲ့သည်။

" ကိုကို ခင်ဗျားအခန်းထဲဝင်မလာနဲ့ "

စပါပြီ ရိပေါ်သည် ဆိုးရမှန်းသိသည့် သမ္မတရှောင်းအပေါ်ဆို သိပ်ကိုဆိုးပါသည်။သမ္မတကြီးသည်လည်း သူ၏ကလေးငယ်စကားသာဆို တစ်ခွန်းထက်ပို၍ပြောစရာမလိုစွာ နာခံအလိုလိုက်လွန်းသည်မို့ ထိုကလေးပို၍ဆိုးနေခြင်းဖြစ်သည်။

" ဝမ်ဝမ်ဘာပြောထားလဲ တစ်နေရာရာသွားရင် ဝမ်ဝမ့်ကိုပြောပါဆို စိတ်ပူရတဲ့လူကအသက်တိုလိမ့်မယ် "

" ကိုယ်မှားပါတယ် "

" ကိုကို့အပြစ်ကိုသိလား "

" သိပါတယ် "

" အဲ့ဆို ကိုကိုဘယ်လိုအပြစ်ခံယူရမလဲဆိုတာကော သိလား "

" ဝမ်ဝမ်ကပြောပြလေ "

" ဟွန့် အမြဲဝမ်ဝမ်ကချစ်ပေးအလိုလိုက်ပေးနေတော့ ကိုကိုကမလိမ်မာပဲဆိုးချင်တယ်ပေါ့ ဟုတ်လား "

" ကိုယ်တောင်းပန်ပါတယ် "

ရိပေါ်သည် ကုတင်ပေါ်မှဆင်းကာ တံခါးအားသွားဖွင့်ပေးလိုက်ပြီး ရှောင်းကျန့်အားမျက်စောင်းထိုးလိုက်ပြီး ကျောပေး၍ လက်ပိုက်ကာရပ်နေလေသည်။

Black King{ Complete✓ }Dove le storie prendono vita. Scoprilo ora