P.6

4.2K 272 56
                                    

Uni

" အင်း "

မနက်ခင်းကို 'အင်း'ဟူသည့်သံရှည်လေးနှင့် အစချီပြီး နိုးထလာသော ကောင်ငယ်လေးသည် သိပ်ကိုချစ်ဖို့ကောင်းလွန်းနေသည်။မနက်ခင်းနေရောင်ခြည်ကိုအကာအကွယ်ဖြစ်စေရန်နှင့် မျက်နှာနုနုအားနေမထိုးစေဖို့ ကာရံထားသည့် လက်ကြီးကြီးအား ထိုကောင်လေးနိုးထလာသည်သေချာသည်နှင့် ဖယ်ရှားလိုက်သည်။မသိမသာသာဂရုစိုက်ချင်သည့်သူ့အတွက် သူ့ဂရုစိုက်မှုများအား ထိုကောင်လေးမသိလည်း ကျေနပ်ပါသည်။

" ကိုကိုကနိုးလဲ နိုးသေးဘူး ဟီး မောနင်း ကစ် ကိုကို မွ "

ရိပေါ်ရှောင်းကျန့်၏နှုတ်ခမ်းအား ဖွဖွလေးနမ်းလိုက်ပီး ပြောလိုက်ပုံက သိပ်ကိုချစ်ဖို့ကောင်းလွန်းနေသည်။သိသိလျက်နဲ့ မသိချင်ယောင်ဆောင်ကာ ငြိမ်ခံနေသောသူသည်လည်း ထိုကောင်လေး ရေချိုးခန်းထဲပြေးဝင်သွားသည်နှင့် ပြုံးကာ မျက်လုံးအားဖွင့်၍ နှာဖူးပေါ်လက်တင်ကာ ပျော်ရွှင်နေသည်မှာ သိသာလွန်းလှသည်။

" ကိုကို့ကိုချစ်တယ်
   ကိုကို့ကိုပဲငါယူမယ်
   လာလုတဲ့သူမှန်သမျှ
   လက်သီးစာကျွေးပစ်မယ် "

ရေချိုးခန်းထဲမှ ထိုကလေးငယ်၏ကဗျာလေးကြောင့် ပြုံးမိပြန်လေသည်။တကယ်ကိုချစ်ဖို့ကောင်းလွန်းသည့်ကောင်လေးဆိုတာကိုတော့ ဝန်ခံပါသည်။

ရှောင်းကျန့်အတွေးများမဆုံးခင် ရေချိုးခန်းမှထွက်လာသည့် ရိပေါ်သည် Underwear သာဝတ်၍ ထွက်လာသည်မို့ ရှောင်းကျန့် တံတွေးအသာမြိုချ၍ ဆံပင်သတ်ကာ တစ်ဘက်သို့လှည့်လိုက်သည်။ကိုကို ဟုခေါ်ကာ သူ့အားလာဖက်သည့်ကောင်လေးသည်အလွန်ကို လက်ရဲဇက်ရဲနိုင်လွန်းလှသည်။

" ကိုကိုကနိုးနေပီလား ရိပေါ်ကရေချိုးပီးမှနှိုးဖို့တွေးထားတာ ဇာတ်ကားတေထဲကလို ကိုကို့နှုတ်ခမ်းလေးအနမ်းပေးပြီး ကိုကိုထတော့လေဆိုပီးဖက်နှိုးမို့ ရေမချိုးရင် ဝမ်ဝမ့်နားကနံနေမှာစိုးလို့အရင်ချိုးလိုက်တာမှားသွားတာထင်တယ် "

သူ့ဘာသာပြောကာ အရမ်းဝမ်းနည်း‌ နေပုံရသည့်ကောင်လေးကြောင့် ရှောင်းကျန့်ခေါင်းအား အနည်းငယ်ခါရမ်းကာ ပြန်အိပ်လိုက်လေသည်။ထပြီးမှ ပြန်အိပ်သည့် ရှောင်းကျန့်ကြောင့် ရိပေါ် မျက်လုံးလေးကလယ်ကလယ်ဖြစ်သွားရသည်။

Black King{ Complete✓ }Where stories live. Discover now