P.8

3.5K 229 32
                                    

Uni

" အင့် "

ရိပေါ်နိုးလာသည်နှင့် ပထမဆုံးရှာမိသည်က သူ၏ကိုကိုပင်ဖြစ်သည်။

" သား နိုးပြီလား "

" မား ကိုကိုကော "

" ဟင်းချက်နေတယ် သားရဲ့ "

" ဟာ မားကလည်း ကိုကို့ကိုခိုင်းရလား လက်အပူလောင်တာတို့ လက်ဓားခိုက်မိတာတို့ဖြစ်ရင် ဘယ်လိုလုပ်မလဲ "

" ဟယ့် ငါနေ့တိုင်းလုပ်နေတဲ့အလုပ်ကို တစ်ရက်လေးလုပ်ပေးတဲ့သူကျ အပူလောင်မှာ ခိုက်မိမှာစိုးရိမ်တယ် နေ့တိုင်းချက်ပြုတ်ကျွေးနေတဲ့ ဒီမအေကျ နင်မစိုးရိမ်ဘူးမလား မွေးရကျိုးများ နပ်ချက်ကတော့ သေပါသေချင်သွားတယ် "

" အဲ့လို မဟုတ်ပါဘူးနော် ကိုကိုကချမ်းသာတယ်လေ အဲ့လိုအချက်အပြုတ်တေသိပ်မကျွမ်းကျင်ဘူးလေ မားကကြ pro max ဖြစ်နေတယ် "

" တော် တန် တိတ်! "

" အင့် အော်နဲ့ သားကို ကိုကိုတောင်မအော်ဘူး "

" ငါက နင့်အမေလေ အော်မှာပဲ နင့်ကိုငါ ရိုက်ပါရိုက်ချင်တာ "

" အယ် ကိုကို "

ရှောင်းကျန့်လာသည်ကို‌တွေ့သည်နှင့် ကူကယ်ရာရသွားသည့်ကလေးတစ်ယောက်နှယ် ရိပေါ်ဟာ ကုတင်ပေါ်မှပြေးဆင်းကာ ရှောင်းကျန့်ဆီသို့ ပြေးလေတော့သည်။ရှောင်းကျန့်သည် ရိပေါ်အား ပွေ့ချီလိုက်လေသည်။

" ဟယ့် နင့်ခြေထောက်နာနေတာကိုပြေးဆင်းနိုင်တယ်နော် ငါသိနေတယ်နော် ဝမ်ရိပေါ် "

ရိပေါ်ဟာ ရှောင်းကျန့်ရင်ခွင်ထဲမှ ဝမ်မားအားပြုံးပြလိုက်လေသည်။ရှောင်းမားတင်မဟုတ် သူကိုယ်တိုင်လည်း ထိုကလေး ခြေထောက်မနာတော့သည်ကိုသိပါသည်။ သိလျက်နှင့်ပင် သူ့ကလေးစိတ်ချမ်းသာရန် ဘာမှမပြောပဲ မသိချင်ယောင်ဆောင်နေခြင်းဖြစ်သည်။ရှောင်းကျန့်သည် ရိပေါ်အားပွေ့လျက်ပင် ရှောင်မားအားလှမ်းကြည့်လိုက်သည်။

" ထမင်းရပြီလား သားရှောင်း "

ရှောင်းကျန့်ခေါင်းငြိမ့်ပြ၍ ရိပေါ်အားချီကာ အောက်သို့ဆင်းသွားလေသည်။ဝမ်မားသည်လည်း အတူလိုက်ဆင်းလေသည်။အောက်ထပ် ထမင်းစားပွဲတွင် ဟင်းအစုံအလျင်နှင့်အဆင်သင့်ခူးထားသောထမင်းများပါရှိနေလေသည်။ရှောင်းကျန့်သည် ရိပေါ်အား ထိုင်ခုံပေါ်သို့ချပေးလိုက်သည်။ပြီးသည်နှင့် ဝမ်မားထိုင်ရန်ခုံအား နောက်ဆုတ်ပေးလိုက်ပြီး သူပါဝင်ထိုင်လိုက်သည်။ဟင်းအားနှိုက်ကာ သူ့ထမင်းပန်းကန်အတွင်း ထည့်ရန်ပြင်နေသော ကလေးငယ်၏လက်အားဖမ်းကိုင်လိုက်ပြီး ဝမ်မားပန်းကန်အတွင်းသို့ထည့်လိုက်သည်။

Black King{ Complete✓ }Where stories live. Discover now