P.4

4.7K 283 19
                                    

Uni

" မြေး လာပါအုံး "

အိမ်သို့ပြန်လာသည့် ရှောင်းကျန့်သည် တစ်စုံတစ်ယောက်၏အပြုအမူလေးကြောင့် ပြုံးရောင်သမ်းနေလေသည်။ကျောင်းဆင်းတာနဲ့ " ခွဲရတော့မှာပဲ ဝမ်ဝမ်တစ်ညလုံးကြီးလွမ်းရတော့မယ် ညကျဖုန်းဆက်မယ်နော် " ဆိုသည့်စကားလေးနှင့်အတူ ပါးပေါ်သို့ခြေဖျားထောက်ကာနမ်းသွားသည့်ကောင်လေးကြောင့်ပင်ဖြစ်သည်။ရှောင်းကျန့်နန်းတော်တမျှခမ်းနားသည့်အိမ်တော်သို့ရောက်သည်နှင့် ဧည့်ခန်းအတွင်းထိုင်နေသော အဘိုးဖြစ်သူ၏ခေါ်သံကြောင့် ထိုနားသို့သွားကာ ထိုင်လိုက်သည်မှာ စမတ်ကျကျပင်။

" ကောင်လေးကချစ်ဖို့ကောင်းတယ်မလား မြေး "

" .... "

စကား၏အဖြေအားမကြားရသော်လည်း ပြုံးရောင်သမ်းသွားသည့်မြေးကြောင့် အဘိုးဖြစ်သူဟက်ဟက်ပက်ပက်ရယ်မိသည်။သူ၏မြေးလေးသည် အေးစက်စွာနေလာသည်မှာ ငယ်စဉ်ကတည်းကပင် ငယ်ငယ်တုန်းကကလေးငယ်တစ်ယောက်ကြောင့် ထိုသို့ဖြစ်သွားသည်ဆိုလည်းမမှားပေ။ထိုကလေးတွေအိမ်ပြောင်းသွားခြင်းကလည်း အဘိုးဖြစ်သည့်သူ့ကြောင့်ဖြစ်သည်မို့ အခုတော့ သူဘာမှဝင်မပြောလိုတော့ပါ။

သူ၏မြေးအား အရင်လိုပြန်မဖြစ်စေချင်သည်မို့ လိုလေသေးမရှိထားခဲ့သော်လည်း သူ၏မြေးလေးသည် အေးစက်စွာပဲနေတတ်တော့သည့်အပြင် ပစ္စည်းဥစ္စာများအား ခေါင်းထဲတောင်မသွင်းခဲ့ပေ။ဘယ်ကောင်မလေး၊ကောင်လေးကိုမှစိတ်မဝင်စားပဲ တစ်ယောက်တည်းသီးသန့်နေချင်ခဲ့သည်များကိုလည်း သူကိုယ်တိုင်ပင်လုပ်ဆောင်ပေးခဲ့သည်။

" အဲ့ကလေးကိုအဘိုးတွေ့ချင်တယ် "

" အင်း တစ်နေ့ "

" သွားနားတော့ မြေး "

ရှောင်းကျန့်သူ့အခန်းသို့ပြန်ရန်သာပြင်လိုက်တော့သည်။အခန်းအတွင်းရောက်သည်နှင့် ရောက်လာသည့်မက်ဆေ့ရှ်လေးကြောင့် ပြုံးမိပြန်သည်။

' အိမ်ပြန်ရောက်ပြီလား ကိုကို '

ဟူသည့် message လေးတစ်ဆောင်က သူ့အတွက်သိပ်ကိုချစ်ဖို့ကောင်းလွန်းနေသည်။' အင်း 'ဟူသည့် စာလေးပြန်လိုက်သည်နှင့် ချက်ချင်း seenပြကာ ' ဝမ်ဝမ်ညကျဖုန်းဆက်လိုက်မယ် အခုရေချိုးတော့မယ် ချစ်တယ်နော် ' ဟူသည့် message လေးပို့လာပြန်လေသည်။ရှောင်းကျန့်ထိုစာလေးအားဖက်ကာ ဖုန်းအားပိတ်လိုက်၍ ခုံပေါ်တင်လိုက်ပြီး သူရေချိုးလိုက်သည်။

Black King{ Complete✓ }Where stories live. Discover now