part-2

2.6K 185 44
                                    

Unicode

2.....

ပါတီ ဝင်ဝင်ချင်း မှာဘဲ ဂျောင်ဂုကိုတွေ့လိုက်ရ၍ ငေးပီး ထယ်ယောင်းတစ်ယောက် ကြည့်နေမိလေသည်။ဇာတ်ဆောင်ဆိုတဲ့ အတိုငျးဘဲ ဂျောင်ဂုဟာ ချောမောခန့်ညားသော အသွင်အပြင်နဲ့ မြင့်မားသောအရပ်အမောင်း ရှိပြီး ဖှေးစှတျနသေော အသားအရေပေါ်မှာ တက်တူးလေးတွေ ထိုးထားတာကအစ အမြင်မရိုင်းစေဘဲ ကြည့်လို့ကောင်းနေလေသည်။

ထယ်ယောင်း ဂျောင်ဂုကို အချိန်အတော်အတန်ကြာ ငေးမိသေည်မှာ လီယာက ထယ်ယောင်း လက်မောင်းကိုလာကိုင်မှ သတိဝင်လေသည်။

"ထယ်ယောင်း နင်ဂျောင်ဂုကို မမြင်ဖူးတဲ့အတိုင်းဘဲကည့်နေတာ ဘာဘဲဖစ်ဖစ်...လာဟိုဝိုင်းမှာ ငါ့အမေနဲ့ သခင်မကြီးတို့ စောင့်နေတယ် လာသွားမယ်"

ထယ်ယောင်း လက်မောင်းကို ဆွဲကာ ခေါ်သွားသော လီယာအနောက်သို့ ထယ်ယောင်း လိုက်ရလေသည်။သူတို့အခြေအနေကို စင်ပေါ်က လှမ်းကြည့်နေသော ဂျောင်ဂုကိုတော့ သူတို့နှစ်ယောက်လုံး မတွေ့လိုက်ပေ။

"မဂ်လာပါ အန်တီနေကောင်းရဲ့လား"

လီယာ အမေကို ထယ်ယောင်းက နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

လီယာအမေက ထယ်ယောင်းအမေးကို ရုတ်တရက် ကြောင်သွားပေမဲ့ ပြန်ဖြေလိုက်လေသည်။ထယ်ယောင်း ဆိုတာ အလွန်မောက်မာ မာနကြီးပြီး လူကြီးကို လူကြီးမှန်း မသိသော ကလေးဖြစ်တာကြောင့် ဒီလိုလာနှုတ်ဆက်တာကြောင့် သူမရုတ်တရက် အံ့သြသွားခြင်းဖြစ်သည်။

"ကောင်းပါတယ် ထယ်ယောင်းလေးရယ် သားလေးက မတွေ့တာကြာလို့ ပိုချောလာသလိုဘဲ"

"မဟုတ်ရပါဘူး အရင်ထဲက ဒီအတိုင်းပါဘဲ အန်တီ"

ထယ်ယောင်း အပြောကို လီယာအမေက ခေါင်းငြိမ့်လက်ခံရင်း ရီနေလေသည်။ထိုအချိန် သူတို့ဝိုင်းထဲ ဂျောင်ဂုတို့ မိသားစု ရောက်လာလေသည်။

"ဂျွန်မိသားစု ရောက်လာတာဘဲ ထိုင်ကြပါ သခင်မကြီးဂျွန် ရှင့်သားလေးဂျွန် မိတ်ခွန်းပြောတာအရမ်းတော်တာဘဲ"

ထယ်ယောင်းအမေမှာ ဂျောင်ဂုအမေအား ဂျောင်ဂုအကြောင်း ချီးကျူး လိုက်ခြင်း ဖြစ်သည်။ထယ်ယောင်းအမေ လီယာအမေနဲ့ ဂျောင်ဂုအမေတို့မှာ သူငယ်ချင်းတွေ ဖြစ်ကြပြီး တော်ဝင်မျိုးနွယ်က ဆင်းသက်လာသော လူများဖြစ်၍ သခင်ကြီး၊သခင်မကြီးသာ သုံးနှုန်းကြခြင်း ဖြစ်သည်။

ᰔᩚl entered the story unexpectedly(♥︎Completed  ♥︎) Where stories live. Discover now