part-13

1.7K 120 17
                                    

Unicode

13....

ဒီနေ့က သူတို့အားလုံး စတော်ဘယ်ရီခင်းထဲက အိမ်လေးထဲမှာနေတာ လေးရက်မြောက်နေ့ဖြစ်လေသည်။
ထိုအိမ်လေးမှာ နေရတာက ပျော်စရာကောင်းသလို မထင်ထားတာတွေလဲ ဖြစ်လေသည်။

ဒီနေ့က ထယ်ယောင်းတို့အားလုံး ပျင်းနေကြတာနဲ့ မိုးကလဲစည်းနေပြီဆိုတော့ စတော်ဘယ်ရီခင်းနားက နေရာများကို ပတ်ကြည့်ဖို့ အားလုံးက ပြင်ဆင်နေလေသည်။

နမ်ဂျွန်းက စတော်ဘယ်ရီခင်းရဲ့ ခပ်လှမ်းလှမ်းနားမှာ ရှိတဲ့ ရေတံခွန်ကို သူ့ရဲ့ထော်လာဂျီနဲ့ ခေါ်သွားမယ်ဆိုတာသိပြီး ရှိုးပကွမြှာဆို၍ ပေါ့ပေါ့ပါးပါးသာ အားလုံးက ဝတ်ထားလေသည်။

သွားမဲ့သူက ကိုးယောက် ဆိုတော့ ထော်လာဂျီ တစ်စည်းထဲနဲ့ မစန့်တာမို့ ဟိုဆော့က သူရဲ့ထော်လာဂျီပါယူလာလေသည်။

နမ်ဂျွန်း)"အားလုံး အဆင့်သင့်ဖြစ်ပြီးဆို သွားရအောင် အကို့ ထော်လာဂျီမှာကျ ဂျင်နီးပါပါမှာမို့ ငါးယောက်ထိုင်လိုက်နော်...ဟိုဘီ ထော်လာဂျီမှာကျ လေးယောက်ထိုင်လိုက်နော်... အဆင်ပြေကြလား"

ထယ်ယောင်း)"ဟုတ်ကဲ့ ပြေပါတယ်..."

"ထယ်ယောင်း ငါနင်နဲ့တူတူထိုင်မယ်နော်"

"ရပါတယ် ထိုင်လေလီယာ"

လီယာက ထယ်ယောင်းဘေး ဝင်ထိုင်လေသည်။
ဂျောင်ဂုလဲ ဆူယောင်းလက်ကို ဆွဲပြီး....

"ဆူယောင်း ငါတို့ အကိုဟိုဘီ ထော်လာဂျီဘက်တက်ရအောင်...အဲ့မှာလူချောင်တယ်"

"ဟုတ် ထိုင်မယ်လေ"

ဟိုဘီရဲ့ထော်လာဂျီမှာ ယွန်းဂီနဲ့ဂျီမင်းရယ် ဆူယောင်းနဲ့ဂျောင်ဂုရယ်ထိုင်ပြီး...
နမ်ဂျွန်းရဲ့ထော်လာဂျီပေါ်မှာတော့ လီယာရယ်ထယ်ရယ်နဲ့ဂျင်သာထိုင်လေသည်။

အချိန်မကြာစေချင်တာကြောင့် ဟိုဘီနဲ့နမ်ဂျွန်းက ထော်လာဂျီနဲ့ ရေတံခွန်သို့ ထွက်ခွာလာလေသည်။

ထော်လာဂျီဆိုတဲ့ အတိုငျး လမ်းကြမ်းတာနဲ့ချိုင့်ထဲဘီးဝင်သွားရင် တစ်ယောက်နဲ့တစ်ယောက် ဆောင့်မိတာ...ပူးကပ်သွားတာမျိုး ဖြစ်ကြလေသည်။

ᰔᩚl entered the story unexpectedly(♥︎Completed  ♥︎) Where stories live. Discover now