part-16

1.5K 103 9
                                    

Unicode

16.....

သူတို့တွေ ဘူဆန်ကပြန်လာကြလေသည်။
သခင်မကြီးက ပြန်လာကြတော့ဆိုသောကြောင့် အခြားကျောင်းသားတွေကို ထားခဲ့ကာ သူတို့အုပ်စုဘဲ ပြန်လာလေသည်။

ဘာလို့လဲတော့မသိပေမဲ့ ထယ်ယောင်း စိတ်ထဲလေးလံနေလေသည်။

ထယ်ယောင်းလဲ စံအိမ်အရှေ့ရောက်တော့ ဂျောင်ဂုတို့ကို နှုတ်ဆက်ကာ အိမ်ထဲဝင်သွားလေသည်။

ဂျောင်ဂုကတော့ ဝင်သွားသော ထယ်ယောင်းရဲ့ကျောပြင်ကိုကြည့်ကာ ကျန်ခဲ့လေသည်။

ဂျောင်ဂုမသိလိုက်တာကို သူနဲ့ထယ်ယောင်းရဲ့ အခြေအနေကို စောင့်ကြည့်နေသော လူတစ်ယောက်ရှိတာကို....။

ဂျောင်ဂုလဲ ထယ်ယောင်းသူ့အခန်းထဲ ဝင်သွားသည်ကို မြင်ရပြီးနောက် ဂျောင်ဂုလဲအိမ်ထဲသို့ဝင်လိုက်လေသည်။

အိမ်ထဲဝင်ဝင်ချင်း...

"ဂျောင်ဂု မင်းဒီခနလာအုံး"

အဖေက ခေါ်နေသောကြောင့် ဂျောင်ဂုလဲ သွားလိုက်လေသည်။

"ဘာပြောမလို့လဲ အဖေ"

"မင်းအရေးမပါတာတွေ လုပ်နေတာဘဲ..."

"ကျွန်တော်က ဘာလုပ်နေလို့"

"မင်းကို နိုင်ငံခြားမှာ ကြောငျးသှားတကျခိုငျးထားတာကို ဘာတွေအချိန်ဆွဲနေရတာလဲ"

"ကျွန်တော် အခုမှ၁၈ဘဲဲရှိသေးတာလေ အချိန်တွေရှိသေးပါတယ် အဖေရဲ့"

"၁၈နှစ်...မင်းကငါလုပ်စာနဲ့မို့သာယာနေတာလေ တောကျတဲ့မြို့တစ်မြို့လောက်ကိုသွားကြည့်လိုက် ၁၁နှစ်၁၂ညကလေးတွေ အလုပ်လုပ်နေတာ...."

"ကျွန်တော်သိတယ် ဒါမဲ့သူတို့ကသူတို့  ကျွန်တော်က ကျွန်တော်လေ..."

"ဘာမှမကြားချင်ဘူး အဆင်သင့်ပြင်ထား ပွဲတစ်ခုရှိတယ် အဲ့ဒါပြီးတာနဲ့ မင်းနိုင်ငံခြားသွားရမယ်..."

"ဘာပွဲလဲ ..."

"သိရမှာပေါ့...သွားအပေါ်တက်တော့"

ဂျောင်ဂုလဲ ဘာမှပြောမနေတော့ဘဲ အိမ်ပေါ်ထက်သို့တက်လာလေသည်။
.

ᰔᩚl entered the story unexpectedly(♥︎Completed  ♥︎) Where stories live. Discover now