part-3

2.5K 172 49
                                    

Unicode

3.....

ဒီနေ့က ထယ်ယောင်းရဲ့ စာအုပ်ထဲ ရောက်ပြီးထဲက ပထဆုံး ကျောင်းတက်ရမဲ့နေ့ ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေမိလေသည်။

"မင်းသားလေး ကျွန်တော် မင်းသားလေးဝတ်ဖို့ အဆင်သင့်ထုတ်ပြီးပါပြီ ရေချိုးပြီး ဆင်းလာပါ မုန့်လဲ အဆင်သင့်ဖြစ်ပြီး မင်းသားလေး"

"ဟုတ် ကျွန်တော် ဆင်းလာမယ်နော်"

ထယ်ယောင်းလဲ ရေချိုးပြီးအကျီလဲတော့ အောက်ဆင်းလာတော့ သခင်မကြီးနဲ့သခင်ကြီးကို ထမင်းစားဝိုင်းတွင်တွေ့လေသည်။

"ကောင်းသော နံနက်ခင်းလေးပါ အဖေနဲ့အမေ"

"အမလေး...ငါ့သား လိမ်မာနေပါလား ဘာလိုချင်လို့လဲ အဖေ့ကိုပြော"

ထယ်ယောင်း ဇာတ်ကောင်ဟာ ရိုင်းစိုင်းတဲ့ သူဖြစ်တာကြောင့် ထယ်ယောင်း ဟာရုတ်တရက် ယဉ်ကျေးသွားတော့ အဖေနဲ့အမေက လိုချင်တာရှိသည်ဟု ထင်သွားပုံပင်။

"မရှိပါဘူး အဖေရဲ့ ရှိလာရင် ကျွန်တော်ပြောပါ့မယ်"

"အေးပါ စားသား .....သားကြိုက်တဲ့ စတော်ဘယ်ရီ ပေါင်မုန့်ယိုသုတ်နဲ့ နွားနို့ဖျော်ပေးထားတယ် စားလိုက်"

"ဟုတ်အဖေ"

ထယ်ယောင်းရဲ့ ပြောင်းလဲလာပုံကို သခင်မကြီးက သခင်ကြီးအား မျက်စပစ်ပြလေသည်။

ထယ်ယောင်းလဲ နံနက်စာစားပြီးသော အထိန်းတော်ကြီး စီစဉ်ပေးထားသော ကားပေါ်သို့တက်ပြီး ပထမဆုံး ကျောင်းတော်ကြီးသို့ သွားလေသည်။လက်ဖျားတွေအေးနေရင်းပေါ့။ထယ်ယောင်းဟာ ခြေထောက်မသက်သာသေးပေမဲ့ အမေကစိတ်ပူနေမှာဆိုလို့ နံနက်စာမစားခင် အခန်းထဲမှာ ပတ်တီးဖြုတ်ခဲ့ခြင်း ဖြစ်သည်။အဲ့ဒါကြောင့် အခုခြေထောက်က နာသလိုဖြစ်လာသည်။

ထယ်ယောင်းလဲ သူတက်ရမဲ့အခန်းကို မသိသော်လည်း သူစာအုပ်ထဲမှာ ဖတ်ခဲ့တာကို ပြန်စဉ်းစားရင်း တန်းခွဲAသို့ ထွက်လာလိုက်လေသည်။

ဝင်ဝင်ချင်း တွေ့လိုက်ရတာက ပုတက်တက်နဲ့ကောင်လေးကို အဲ့ကောင်လေးက ထယ်ယောင်းကို တွေ့တာနဲ့ ပြေးဖက်လေသည်။

ᰔᩚl entered the story unexpectedly(♥︎Completed  ♥︎) Where stories live. Discover now