part-15

1.7K 110 27
                                    

Unicode

15....

လေ့လာရေးခရီး ထွက်ရမှာမို့ ခါတိုင်းနောက်ကျနေကျ ကျောင်းသားတွေတောင် စောရောက်လို့ပေါ့။
ထိုထဲတွင် ဂျောင်ဂုတို့အုပ်စုလဲပါလေသည်။

"ဒီလို မထွက်ရတာတောင် ဘယ်လောက်ကြာပြီလဲ သူငယ်ချင်းတွေနဲ့စုထွက်ချင်နေတာ..."

လီယာရဲ့ အပြောကို ထယ်ယောင်းက လက်ခံလေသည်။

"ဟုတ်တယ် ဒါကငယ်တုန်းဘဲ ပျော်ရတာ"

သူတို့တွေ စကားမြားနတေုနျး ကျောင်းကားရောက်လာသဖြင့် အသီးသီးကားပေါ်တက်လိုက်ကြသည်။

"ထယ်ယောင်း ငါကမင်းနဲ့ထိုင်မှာနော် "

အပြောထက် အရင်လူကခုံပေါ်ထိုင်နေနှင့်ပြီဖြစ်သော ဂျောင်ဂုကို ကြည့်ပြီး ထယ်ယောင်းက မနိုငျဘူးဆိုတဲ့ အကြည့်နဲ့ကြည့်နေလေသည်။

"ထယ်ယောင်း ဟိုကိုရောက်ရင် ငါ့နားမှာဘဲနေနော် လုပ်အားပေးလုပ်ရမှာဆိုတော့ ပင်ပန်းမယ်ထင်တာဘဲ ဒါနဲ့ထယ်ယောင်း မင်းကတော်ဝင်မိသားစုကလေ ဒီကိုလိုက်မလုပ်လဲရတာကို ဘာလို့လိုက်တာလဲ"

"မင်းလဲ တော်ဝင်မိသားစုကဘဲလေ မင်းကျ ဘာလို့လိုက်လဲ "

"ငါက မင်းပါလို့လိုက်တာ မင်းကငါ့အတွက်အရေးကြီးဆုံးဘဲ"

"ငါက ကျောင်းသားဘဝကို သူများတွေလိုဘဲ အေးအေးဆေးဆေးလေးပဲ ဖြတ်သန်းကြည့်ချင်လို့ ပြီးတော့ လုပ်အားပေးလဲလုပ်ချင်လို့ လိုက်လာတာ ဂျောင်ဂု"

"ငါမင်းအတွက် ငါ ပစ္စည်း အစုံထည့်လာတယ် ဖျားနာမှာဆိုလို့"

ဂျောင်ဂုပြသော ဆေးထုတ်ကြီးကို ထယ်ယောင်းကြည့်ပြီး...

"ငါက ကလေးလား ဆေးထုတ်သယ်လာရအောင်"

"မင်းက ကလေးမဟုတ်ပေမဲ့ ကလေးလိုဘဲ အရာရာဂရုစိုက်မှရမှာလေ ပိုးလိုမွေးထားတာလေ မင်းကို သခင်မကြီးက"

"အဲ့ဒါနဲ့ ဘာဆိုင်လဲ"

"ဆိုင်တာပေါ့ သူ့သားကို လိုချင်မှတော့ သူ့လိုဘဲ ပိုးလိုထားမှရမှာလေ"

ဂျောင်ဂု စကားကြောင့် ထယ်ယောင်းရှက်မိသွားလေသည်။
ပါးမို့မို့လေးတွေ နီရဲသွားသော ထယ်ယောင်းကို ဂျောင်ဂုက ပြုံးပြီးကြည့်နေလေသည်။
ကျောင်းကားလေးထဲမှာတော့ ချစ်ခြင်းရနံလေးတွေ ပြန့်နှံ့နေလေသည်။
.

ᰔᩚl entered the story unexpectedly(♥︎Completed  ♥︎) Where stories live. Discover now