part -19

1.6K 97 9
                                    

Unicode

19.....

ဂျောင်ဂု အိမ်ထဲရောက်တာနဲ့ အပေါ်ထပ်က သူ့အခန်းကို အမြန်ပြေးတက်ပြီး ရေချိုးခန်းထဲ ဝင်ကာ တံခါးကိုလော့ချလိုက်လေသည်။

ထယ်ကသူ့ရဲ့အချစ်ဉီးဘဲ။
ပထမဆုံးချစ်မိတဲ့သူကို ပိုင်ဆိုင်ရမယ်လို့ ထင်ခဲ့တာ မဟုတ်ခဲ့ဘူးဘဲ...။
ကိုယ်ချစ်ရတဲ့သူက ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ စေ့စပ်ပြီး ပျော်နေမဲ့ စေ့စပ်ပွဲက မြင်ကွင်းကိုမကြည့်နိုင်ဘူး။

ဟုတ်တယ်...ဂျောင်ဂု ထိုမြင်ကွင်းကိုကြည့်နိုင်မှာမဟုတ်ဘူး...။
အဲ့ဒါကြောင့် ထယ်ပျော်ဖို့ သူထွက်သွားပေးမှရမယ်...။
မဟုတ်ရင် ထယ်က သူ့ကိုမြင်တိုင်း အားနာနေရလိမ့်မယ်...။

ထယ်ကိုအရင်ကကြည့်မရခဲ့ဘူး မောက်မာလို့မုန်းခဲ့ပေမဲ့ တနေ့ကျ ထယ်ယောင်းက ပြောင်းလဲသွားသလို ခံစားရပြီး မောက်မာတာတွေမရှိဘဲ ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့ ပုံလေးကို တစတစဆွဲညှိပြီး ချစ်မိခဲ့လေသည်။
တစ်ခါတလေတွေးမိတာက ထယ်ယောင်းကထူးဆန်းစွာပင် ပြောင်းလဲသွားသည်ဟု ထင််မိသည်။
ဒါပေမဲ့ ဒါတွေက မလိုပါဘူး ထယ်ယောင်းကိုသူချစ်တယ် အဲ့ဒါကဘဲအရေးကြီးခဲ့တာ...။
အဆုံးသတ်က ထယ်ယောင်းက သူ့ကိုရွေးမယ်လို့ထင်ခဲ့တာ။
မဟုတ်ဘူး လုံးဝကိုအရူးတစ်ယောက် လိုမျိုးဘဝင်မြင့်နေမိတာ အခုတော့ တက်တက်ဆင်အောင်လွဲနေလေပြီ။
ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးမိသွားတာဘဲ။

ဂျောင်ဂုလဲ ထယ်ယောင်းအကြောင်း တွေးမိတိုင်း ယောက်ကျားတန်မဲ့ ငိုမိပြန်တယ်...။

ငိုတာကို တချို့က ပျော့ညံတယ်လိုပြောကြတယ် ဒါမမှန်ဘူး...ကိုယ်ချစ်တဲ့သူကြောင့် ကိုယ်ငိုတာကပျော့ညံတာမဟုတ်ဘူး...ခုအဝငိုပြီး...နောက်မငိုတော့ရင်ဖြစ်တယ်မလား...။

ထိုညက ဂျောင်ဂု ရေပန်းအောက်မှာ အကြာကြီး ငိုပြီး ဆုံးဖြတ်ချက် တခုကိုအတည်ချရင်း ရေချိုးခန်းထဲက ထွက်လိုက်ပြီး...။

ခရီးဆောင်အိတ်တစ်ခုကို ဖွင့်ကာ ထယ်ယောင်းနဲ့ပတ်သက်တာမှန်သမျှထည့်လိုက်ပြီး....

ᰔᩚl entered the story unexpectedly(♥︎Completed  ♥︎) Where stories live. Discover now