Part(2)

466 33 2
                                    

"Jaeyun မင်းတော်တော်ယုတ်မာတဲ့ကောင်ဘဲ"

"ငါမခိုးဘူးလို့ပြောပြီးပြီလေ"

"အတန်းထဲမှာအမြဲတမ်း မင်းတစ်ယောက်ဘဲရှိတာလေ"
________
"ဘာဖြစ်ကြတာလဲ" Heeseung တစ်ယောက်သိချင်စိတ်နဲ့ ကျောင်းသားတစ်ယောက်ကိုမေးလိုက်တယ်။

"အတန်းခေါင်းဆောင်ပိုက်ဆံအိတ်ပျောက်လို့ လေအဲ့တာ Jaeyun ကိုအပြစ်ရှာနေတာ"

"သူ့လွယ်အိတ်ထဲ ရှာကြည့်"

"ငါတကယ်မခိုးပါဘူးဆိုနေ...မယုံရင်ရှာကြည့်" အေးအေးလူလူဘဲပြန်ပြောတယ်

"ဟား ဟား မင်းပစ္စည်းဖွက်တာတကယ်တော်တာဘဲ မတွေ့အောင် ရအောင်တောင်ဖွက်ထားတယ်"

"ငါတကယ်မယူဘူးလို့ ငါမနက်ကbasketball ကစားတာသွားကြည့်နေတာ"

"မင်းကအဲ့လိုပြောတော့ငါကယုံပေးရမှာလား"

"အတန်းခေါင်းဆောင် ခဗျားတော်လိုက်တော့"

"ဘာလဲ Heeseung မသိရင် ဝင်မပါစမ်းနဲ့"

"ကျွန်တော်သိလို့ပြောနေတာပေါ့"

"အဲ့တာဆိုရင် မင်းသူ basketball ကစားသာသွားကြည့်တယ်လို့ပြောရင် ယုံမှာလား"

"ယုံတာပေါ့....ဘာလို့လဲဆိုတော့အဲ့မှာငါလည်းရှိနေလို့လေ"

"အတန်းခေါင်းဆောင်ရေ"

"ဘာလဲဟာ"

"နင့်ညီမလာတယ်"

"နင်ဘာလာလုပ်တာလဲ"

"နင့်ပိုက်ဆံအိတ်ပြန်လာပေးတာလေ ဖြစ်သလိုထားထားလို့"

"ငါပြောသားဘဲ ငါခိုးတာမဟုတ်ပါဘူးဆို"

"ချက်ချင်းတောင်းပန်လိုက်"

"ငါကဘာလို့တောင်းပန်ရမှာလဲ Heeseung"

"ခဗျားက ဘာမှသေချာမသိဘဲနဲ့ သူများကိုအပြစ်သွားတင်နေတာလေ"

"သူကအမြဲအခန်းထဲမှာနေနေကြဆိုတော့ အပြစ်တင်မိတာပေါ့ငါမှားလို့လား အဲ့တာကြောင့်မတောင်းပန်နိုင်ဘူး"

"မင်းတော်တော်....."

"ထားလိုက်တော့ Heeseung-shi"

"ဘာဖြစ်လို့ထားလိုက်ရမှာလဲ မင်းကိုအဲ့ကောင်ကစွတ်စွဲနေတာကို"

My Hot Boyfriend (heejake)Where stories live. Discover now