Part(7)

432 21 0
                                    

အိမ်ပြောင်းတဲ့နေ့.....
Heeseung နဲ့ Jay တို့ပြန်သွားပြီးနောက် ကိုယ့်ကိုယ်ကို မတော်တဆနမ်းမိတဲ့အကြောင်းကိုပြန်တွေးနေခဲ့တယ်။တွေးနေရင်းနဲ့လဲ ရင်ခုန်သံတွေမြန်လာခဲ့တယ်။

"အနီးကပ်ကြည့်တော့မှ Heeseung-shi ကတကယ်ချောတာဘဲ...."ဆိုပြီးကိုယ့်ကိုယ်ကိုရေရွတ်နေမိတယ်။

"ငါဘာတွေတွေးနေတာလဲ သူကယောင်္ကျားလေးလေ...."

................
Jaeyun တစ်ယောက်အတင်းအကျပ်အနမ်းခံလိုက်ရတဲ့နေ့.........

အဲ့နေ့ကရှက်ရှက်နဲ့ဘဲ သန့်စင်ခန်းကနေပြေးထွက်လာခဲ့တယ်။

"ငါဘာလို့ရင်တွေအရမ်းခုန်နေခဲ့တာလဲ....."

Heeseung ရဲ့ ရုတ်တရက် လုပ်လိုက်တဲ့အပြုမူတွေကြောင့် Jaeyun တစ်ယောက်ရှက်လဲရှက်သလို ရင်တွေလဲခုန်နေခဲ့တယ်။
..................
တီ........
Jungwon နဲ့ဖုန်းပြောပြီးတာနဲ့ အိပ်ရာထဲမှာ လှဲနေခဲ့တယ်။ခေါင်းထဲမှာတော့ Heeseung နဲ့ဖြစ်ခဲ့တဲ့မနေ့ကအကြောင်းကိုတွေးနေမိတယ်။တိုးတိုးလေးရေရွတ်ရင်းပေါ့။
"ငါသူ့ကိုသဘောကျနေမိပြီထင်တယ်"

.................
"ဟေ့ Jungwon-shi ညနေမှသွားတွေ့မှာမဟုတ်ဘူးလား"

"အစကတော့ ညနေမှသွားတွေ့မလို့ပါဘဲ အဲ့ထိမစောင့်နိုင်တော့တာနဲ့ နေ့တစ်ပိုင်းခွင့်ယူပြီးလာခဲ့လိုက်တာ"

"နေ့တစ်ပိုင်းခွင့်ယူတာ ဘာလို့ငါ့ပါယူခိုင်းလိုက်တာလဲ"

"ဟဲဟဲ ကျွန်တော်ကအပြုစုမကျွမ်းဘူးလေ အဲ့တာကြောင့်Hyung ကိုပါအပါခေါ်လာတာ"

"Heeseung ရှိနေတာဘဲ"

"ဟုတ်လား"

"ငါ့ကို ခွင့်တိုင်ခိုင်းတာအလကားမှမဟုတ်တာဟ အဲ့တာ Jaeyun ကိုသွားကြည့်ပေးမလို့လေ မင်းဒါလေးတောင်သတိမထားမိဘူးလား"

"ဟဲဟဲ ရုတ်တရက်ဆိုတော့မစဉ်းစားမိဘူး"

စကားလေးတပြောပြောနဲ့ Jaeyun အိမ်ကို လာခဲ့ကြတယ်။

တီးတောင်....တီးတောင်......
ဘဲလ်ကိုအဆက်မပြတ်တီးနေခဲ့ပေမဲ့ တစ်ယောက်မှထွက်မလာခဲ့ကြဘူး

"ဟာ တစ်ယောက်မှလဲထွက်မလာကြဘူး"

"ကျွန်တော်ဖွင့်ပေးမယ်"

My Hot Boyfriend (heejake)Where stories live. Discover now