Part(5)

380 23 0
                                    

နှုတ်ခမ်းချင်းနမ်းမိသွားတာကြောင့် နှစ်ယောက်သားကမန်းကတမ်းထလိုက်ပြီး မျက်နှာပူနေတော့တယ်။ခဏလည်းနေရော Jay တို့ပြန်ရောက်လာကြတယ်။Jake ကတော့ ရှက်ရှက်နဲ့ ယူစရာကျန်ခဲ့တယ်ဆိုပြီးထထွက်သွားတယ်။
"Heeseung အခြေအနေဘယ်လိုလဲ"

"ငါလည်းမသိဘူး ဆိုးလားကောင်းလားဆိုတာ"

"Hyung ကဘာများကျန်ခဲ့လို့သွားယူတာလဲမသိဘူး"

"Heeseung ငါ့ကိုရေပေးစမ်းပါ ရေဆာလို့"

"ရော့"

"ဒါနဲ့ မင်းskin shipလုပ်လိုက်လား"
"ဘာလို့သူက ရုတ်တရက်ကြီးထထွက်သွားတာလဲ"

"ဒီလိုဟာ သူကမင်းတို့အလာကို ထကြည့်လိုက်တော့ချော်လဲပြီး ငါတို့နှစ်ယောက်သား နမ်းမိသွားကြတယ်"

"အဟွတ်"
Heeseung ရဲ့စကားကြောင့် Jay တစ်ယောက်ရေပါသီးတော့တယ်။
"မင်းလာနောက်နေတာလား"

"မနောက်ပါဘူး အတည်ပြောနေတာ"

"အဲ့တာကို မင်းပြောနေတဲ့ပုံကလဲဘာမှမဖြစ်တဲ့ရုပ်နဲ့"

"Hyung ကမတရားရှက်တက်တာ"

"Jungwon မင်းပြောတဲ့ပုံကလည်း ရင်တောင်မခုန်တဲ့ပုံနဲ့"

"ဘာဖြစ်လို့လဲ ကျွန်တော်က အတွဲလိုက်ချောင်းနေကြဆိုတော့အဲ့တာလောက်က အသံကြားရုံနဲ့ ရင်ခုန်မနေဘူး"
"ကဲအပြင်ထွက်ပြီး hyung သွားခေါ်လိုက်အုန်းမယ်"

"မင်း အိမ်ထိပြန်ရမှာပေါ့"

"သူအရှေ့မှာတင်ရှိတယ် ခဏမျက်နှာပူပြီးရှောင်ချင်လို့သာအဲ့လိုပြောတာ"

"ဟုတ်လား"
____________
"ဟူး.....ငါဘာလို့ရင်တွေခုန်နေတာလဲ"
"ငါ...ငါ...သူ့ကိုသဘောကျနေတာများလား"

"Hyung နေ့လည်စာစားမယ်လေ"

"လန့်လိုက်တာ...ခွေးသားလေးကလည်း....လာပြီ"
________
နေ့လည်စာစားနေတဲ့အချိန် Jaeyun မှာမျက်နှာတွေ ပူနေပြီး Heeseung ကတော့ဘာမှမဖြစ်တဲ့အတိုင်းဘဲ။
"သူဘယ်လိုတောင်များ အေးဆေးနေနိုင်တာလဲ မသိဘူး"စိတ်ထဲကနေပြောနေမိတယ်။
နေ့လည်စာစားပြီးတာနဲ့ အကုန်လုံးအထုတ်တွေဆက်ဖြည်နေကြတယ်။ညနေ ၆နာရီထိုးမှ အကုန်လုံးဖြည်ပြီးသွားတော့တယ်။Jungwon ကတော့အဲ့မတိုင်ခင်အစောကြီးပြန်သွားတယ်။သွားစရာရှိလို့ဆိုပြီး။ကျန်တဲ့နှစ်ယောက်နဲ့ဘဲ ကျန်နေခဲ့တာပေါ့။

My Hot Boyfriend (heejake)Where stories live. Discover now