Part(4)

360 28 0
                                    

"ဟာအမေကလည်း ကျွန်တော် hyung နဲ့လိုက်နေလို့မရဘူးလား"

"Jungwon နင်ဟာလေသူများကို လိုက်နှောင့်မယှက်နေနဲ့"

"Hyung ကရတယ်လို့ပြောနေတာကို အမေကဘာဖြစ်နေတာလဲ ကျွန်တော် hyung နဲ့လိုက်နေမှာ"

"ဒီဟာလေးကတော့ သူများအိမ်ထိသွားပြီးနှောင့်ယှက်မနေနဲ့"

"အန်တီ ကျွန်တော်အဆင်ပြေပါတယ် wonnie လိုက်နေလို့ရပါတယ်"

"တွေ့လား hyung ကိုယ်တိုင်တောင်ပြောတာကို"

"ရပါတယ် သားရယ် အန်တီ့သားကဆက်တိုက် နှောင့်ယှက်လာတာကို သားတစ်ယောက်ထဲအေးဆေးနေနော်"

"အာ့ဆိုရင်လည်း သားပုံမှန်အန်တီ့ဆီလာလည်ပါ့မယ်"

Jungwon ကတော့ Jaeyun နဲ့အတူလိုက်မနေရလို့ နှုတ်ခမ်းကိုကိုးထောင်လောက်ဆူပြီး စိတ်ကောက်နေတော့တယ်။Jaeyun ကတော့ စိတ်ထဲကနေကြိတ်ရီနေတယ်။ဘယ်လောက်မှမကြာဘူး။Heeseung တို့ရောက်လာကြတယ်။

"ရောက်လာပြီလား Heeseung-shi"

"ဒါက....."

"ကျွန်တော့သူငယ်ချင်းတွေ ဒါက Heeseung ဘေးက jongseong"

"မင်္ဂလာပါ အန်တီ"

"သားတို့ Jaeyun လေးကိုသေချာကူညီပေးလိုက်ကြအုန်းနော်"

"ဟုတ်ကဲ့"

Heeseung ကတော့ တက်ကြွတဲ့ကြက်ဖဖြစ်နေတယ်။Jungwon ကတော့ Jake နဲ့အတူလိုက်မနေရလို့မျက်နှာက ရှစ်ခေါက်ချိုးထားတဲ့မျက်နှာနဲ့ Jay ကတော့ ကြားထဲက မြှားနတ်မောင်လေးပေါ့။အဲ့တာနဲ့ဘဲ လေးယောက်သား တိုက်ခန်းဆီကိုလမ်းလျှောက်လာခဲ့ကြတော့တယ်။Jake ရဲ့တိုက်ခန်းဟာ Jungwon တို့ဆိုင်နဲ့နီးနီးလေး ၁၅မိနစ်လောက်လမ်းလျှောက်ရင်ရောက်တယ်။အဲ့တာနဲ့လမ်းလျှောက်လာရင်းရောက်လာကြတယ်။Jake ရဲ့တိုက်ခန်းက လေးလွှာမှာရှိတာပါ။ရောက်တာနဲ့ဘဲ ပစ္စည်းတွေနေရာချကြတော့တယ်။ အဲ့နေ့ကတော့တစ်မနက်လုံးအလုပ်ရှုတ်နေခဲ့တယ်။Jay တစ်ယောက်ကတော့ Heeseung ကိုကြည့်ရင်းအားမရဖြစ်နေတယ်။အဲ့တာနဲ့ဘဲ နေ့လယ်စာဝယ်မယ်ဆိုပြီး Jungwon ကိုအတင်းခေါ်သွားတော့တယ်။

"ကဲ ၁၂တောင်ခွဲတော့မယ် jungwon ကိုခေါ်ပြီး နေ့လည်စာသွားဝယ်လိုက်မယ်"

My Hot Boyfriend (heejake)Where stories live. Discover now