Part(9)Jaywon

300 16 0
                                    

Jungwon တစ်ယောက်ကစားပွဲပြီးတာနဲ့ Heeseung တို့ကိုတောင်မစောင့်ဘဲတန်းပြန်သွားခဲ့တယ်။
အိမ်ပြန်ရောက်တဲ့အခါမှာ အခန်းထဲမှာဘဲအောင်းနေခဲ့တယ်။
"ချီးဘဲဟာ....ဘာလို့ငါ့ကိုညီလေးတစ်ယောက်အပြင်ပိုမမြင်ရတာလဲ..."

Flash back 🔙
"won-ah မင်းဘာလို့ကစားတာအဲ့လောက်တောင်ကြည့်ချင်နေရတာလဲ"

"Hyung ကို basketball ကစားတာဝါသနာပါအောင်လုပ်ချင်လို့"

"အပိုတွေ တခြားဟာရှိသေးတယ်မလား"

"ဟီးဟီး ဒီမှာကကောင်မလေးတွေအများကြီးရှိတော့အဲ့တာကြောင့်"

စိတ်ထဲမှာတော့.. "အဲ့မှာ Jay hyung ရှိတယ်လေ..."

Park Jongseong ခေါ် Jay ဟာ America ကနေလာခဲ့တာကြောင့် ကျောင်းမှာအရမ်းနာမည်ကြီးပါတယ်။ ကောင်မလေးတိုင်းရဲ့ပါးစပ်ဖျားမှာလဲ jongseong (သို့မဟုတ်)Jay လို့ခေါ်သံတွေအမြဲကြားနေရတက်တယ်။jayဟာ jake နဲ့ ရှေ့ဆင့်နောက်ဆင့်လေးကျောင်းပြောင်းလာတာဘဲဖြစ်တယ်။Jay ကအရင်ရောက်တာဖြစ်ပြီး jake ကတော့ တစ်ပတ်လောက်မှရောက်လာတာဖြစ်တယ်။Jungwon ကလည်း jay စပြောင်းလာကတည်းက jay ကိုသဘောကျနေခဲ့တာဖြစ်တယ်။ဒါပေမဲ့ ဖွင့်ပြောဖို့သတ္တိမရှိတော့ အဝေးကနေဘဲလှမ်း ကြည့်နေခဲ့ရတယ်။

...............
Jake ဖျားတဲ့နေ့ အဲ့နေ့က jungwon တို့ရောက်လာခဲ့ကြပေမဲ့ ဘယ်လောက်မှမကြာဘဲတန်းပြန်လာခဲ့ရတယ်။ခွင့်ယူထားတာအလဟသက်မဖြစ်အောင်လို့နှစ်ယောက်သား ရုပ်ရှင်ကြည့်ဖို့အတွက်ထွက်လာခဲ့ကြတယ်။

"Jungwonnie ဘာကားကြည့်ချင်လဲ.."

"ဗျာ..ကျွန်တော်က...ဘာဘဲဖြစ်ဖြစ်အဆင်ပြေပါတယ်...hyung ကြိုက်တာကြည့်လေ.."

"အာ...အဲ့တာဆို...in the tall grass ကြည့်မလား..."

"ဟုတ်..ရတယ်လေ.."

လက်မှတ်ဖြတ်နေတဲ့အချိန် Jay နဲ့အရင်ကတွဲခဲ့ဖူးတဲ့ကောင်မလေးကအနားကိုရောက်လာခဲ့တယ်။

"ဟေ့ jongseong-shi..."

"Hanna-ya...သူငယ်ချင်းနဲ့စကားလာကြည့်တာလား"

"အေး..ဟုတ်တယ်...နင်ကကော.."

"အော်..ငါ့အသိညီလေးနဲ့လာတာ"

"ဟုတ်လား..."

"မင်္ဂလာပါ...Yang Jungwon လို့ခေါ်ပါတယ်"

My Hot Boyfriend (heejake)Où les histoires vivent. Découvrez maintenant