Part(8)

313 21 0
                                    

အတန်းထဲကသူတွေအကုန်လုံးနီးပါ basketball ကွင်းထဲမှာရောက်နေကြတယ်။ဘာရယ်မဟုတ်ပါဘူး မနက်ခင်းစောစောစီးစီး အတန်းခေါင်းဆောင်တို့အဖွဲ့နဲ့ Heeseung တို့အဖွဲ့ ပြိုင်ကစားကြမလို့ပါ။ကျောင်းပိတ်ရက်မှာဆိုပေမဲ့အတန်းထဲကသူတွေဟာသတင်းရပြီး basketball ကွင်းထိရောက်လာကြတယ်။မိန်းကလေးတွေကတော့ပိုများတာပေါ့။တစ်ခြားအတန်းကလူတွေပါလာကြတယ်။Jungwon နဲ့ Jake လဲရှိတာပေါ့။Jake ကပွဲကြည့်ရတာမကြိုက်ပေမဲ့ သူ့ရဲ့ကိုကိုပါတော့လာအားပေးရတာပေါ့။ပွဲစဉ်စတင်ခဲ့ပြီ။လောလောဆယ်မှာတော့ အတန်းခေါင်းဆောင်တို့ဖက်က အသာစီးရနေတယ်။မကြာပါဘူး Heeseung တို့အသင်းကပြန်ချေပဂိုးတွေယူခဲ့တယ်။တစ်ဂိုးဂိုးတိုင်း Jake ကတော့ပျော်လွန်းလို့ထထခုန်နေမိတယ်။အဲတာကြောင့်ဘဲ ကွင်းထဲကအမျိုးသမီးထုကြီးမှာ ကစားသမားတွေကိုမေ့ပြီး Jake ကိုဘဲအကုန်လုံးက ကြည့်နေကြတယ်။
"အား......ချောလိုက်တာ Jaeyun လေးက...."

"အရမ်းချောတာဘဲ Jaeyun ရယ်...လူကိုသာအသေလာသတ်လိုက်ပါတော့"

"Jaeyun လေး ဝင်ကစားနေတဲ့ပုံလေးမြင်ချင်လိုက်တာ"

အဲ့လိုပြောနေတာတွေကို ကွင်းထဲမှာကစားနေတဲ့သူ့ဘဲကြီးကအကုန်ကြားနေခဲ့တယ်။သူ့ကိုမိန်းကလေးတွေသာမက ယောင်္ကျားလေးတွေကလည်း သူ့ရဲ့ အလှတရားကိုပြောနေကြတယ်။

"ဝိုး....အဲ့ကောင်လေတော်တော်ချောတာဘဲ....သူ့နာမည်ကဘာပါလိမ့်"

"Jaeyun တဲ့ သူ့လောက်ချောတာသူဘဲရှိမယ်ထင်တယ်...အရမ်းဆွဲဆောင်မှုရှိလွန်းတာဘဲ...ဘာဆေးတွေများစားလည်းမသိဘူး"

သူ့ဘဲကြီးကတော့အကုန်လုံးကိုကြားနေတာကြောင့် သဝန်တိုနေမိတယ်။Heeseung သတိလေးခဏလွတ်သွားတဲ့အချိန်မှာဘဲ အတန်းခေါင်းဆောင်တို့ဖက်က Heeseung ကိုတမင်ဝင်တိုက်ပြီးလဲအောင်လုပ်ခဲ့တယ်။Heeseung လဲကျသွားတော့ Jake ကအပြေးလေးသွားခဲ့တယ်။ပွဲစဉ်လဲခဏရပ်ထားခဲ့တယ်။

"Heeseung-shi အဆင်ပြေရဲ့လား...ဘယ်နားထိသွားသေးလဲ..ပြကြည့်"

"ရတယ်...နည်းနည်းလေးဘဲပွန်းသွားရုံပါ"

"ဆေးထည့်ရမယ်လေ..ဆေးအိတ်ဘယ်မှာလဲ"

Jake တစ်ယောက်ပြာပြာသလဲ ဆေးအိတ်ရှာနေတဲ့ပုံကြောင့် Heeseung ပြုံးမိတယ်။သူတို့ဖက်ကအသင်းသားတစ်ယောက်ကစကားတစ်ခွန်းကိုပြောလိုက်တယ်။

My Hot Boyfriend (heejake)Unde poveștirile trăiesc. Descoperă acum