Chapter 1

13.3K 1.2K 137
                                    

Unicode

ဝေ့လန်တို့ရဲ့အစ
_______________________________

ဝေ့လန်နဲ့ဝေ့ရွှင်း၊ သူတို့နှစ်ယောက်နာမည်မှာ မျိုးရိုးနာမည်ကအစဆင်တူတယ်လို့ထင်ရပေမဲ့လည်း တကယ်တမ်းကျ နှစ်ယောက်စလုံးက သွေးမတော်သားမစပ်ပါဘူး။ ထိုအမှန်တရားက လျှို့ဝှက်ချက်တစ်ခု မဟုတ်သလို Xမြို့က အကောင်ခပ်ကြီးကြီးတိုင်း သူတို့နှစ်ယောက်ရဲ့နာမည်အရင်းမြစ်ကို သိကြသည်။ ဝေ့လန်ရဲ့ ဝေ့က ဝေ့ရှီးက ဝေ့ကို ယူထားခြင်းဖြစ်ပြီး ဝေ့ရွှင်းရဲ့ ဝေ့ကတော့ ဝေ့ယဲ့ချန်ရဲ့ ဝေ့ကို ယူထားခြင်းဖြစ်သည်။ မျိုးရိုးနာမည်တူ ဝေ့နှစ်လုံးက ဝေ့အိမ်တော်နှစ်ခုကိုကိုယ်စားပြုသလို တစ်ချိန်ထဲမှာပဲ Xမြို့ရဲ့ သြဇာအာဏာအလွှမ်းမိုးနိုင်ဆုံး အင်အားစုနှစ်စုကိုကိုယ်စားပြုနေတယ်ဆိုလည်းမမှားပေ။

(T/N: ဝေ့ရှီးက ဝေ့လန်ရဲ့အမေနာမည်ပါ။ ဝေ့ယဲ့ချန်က ဝေ့ရွှင်းရဲ့အဖေနာမည်ပါ)

ဝေ့လန်တို့ဇာတ်လမ်းအကြောင်းစပြောရလျှင် ဟိုးဟိုးဟိုးးးး အဝေးကြီး အဝေးကြီးကနေစပြီး ပြောပြရလိမ့်မည်။ ထိုအချိန်တုန်းက ဝေ့လန်ကိုယ်တိုင်တောင်မမွေးသေးပါ။ ဝေ့လန်အမေ ဝေ့ရှီးက ထိုအချိန်မှာ ငယ်ရွယ်လှပ၊ရဲရင့်တက်ကြွသည့် မိန်းမပျိုလေးတစ်ယောက်ဖြစ်သလို ဝေ့လန်အဖိုး ဝေ့မင်ကလည်း Xမြို့ရဲ့ အရှေ့ဘက်နဲ့အနောက်ဘက်ပိုင်းနယ်မြေတွေကို သြဇာလွှမ်းမိုးနိုင်သူပီပီ လူတိုင်းကသူ့ကို ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရသည်။ ထိုအချိန်မှာ မြို့မျက်နှာဖုံးသူဌေးသူကြွယ် မြေအောက်လမ်းကြောင်းထဲတိုးဝင်ခါစ ဝေ့ရွှင်းအဖေ ဝေ့ယဲ့ချန်ကတော့ မြို့မြောက်ပိုင်းရဲ့အာဏာရှင်ဖြစ်လာဖို့ကြိုးစားနေခဲ့လေသည်။

ဝေ့မင်က လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သည်။ သူစားနိုင်သည့်ပမာဏထက်ပိုမစားနိုင်မှန်းသိသလို သူတို့ဝေ့မိသားစုက တစ်မြို့လုံးကို လက်ဝါးကြီးအုပ်လိုက်လျှင် တခြားအဖွဲ့တွေက ခွင့်မပြုနိုင်ကြမှန်းကိုလည်းသိသည်။ နေရာတိုင်းမှာ၊ အဖွဲ့အစည်းတိုင်းမှာ မျှခြေဆိုသည့် အတိုင်းအတာတစ်ခုရှိသည်။ သူဟာ အဖြူအမည်းအကုန်လုပ်သည့် စီးပွားရေးသမားပီပီ ဒီလောကရဲ့စည်းမျဥ်းဥပဒေသတွေကို ကောင်းကောင်းနားလည်လေသည်။ မျှခြေဆိုသည့် အချိန်အတွယ်က သူ့အတွက် အသုံးမဝင်ပေမဲ့လည်း Xမြို့ကြီးစည်းဝါးကိုက်အောင် ထိန်းထားနိုင်သည့် ဟန်ပြအဖြစ်နဲ့တော့ ကျန်ရှိနေသေးသည်။ ထို့ကြောင့် သူက သူ့နယ်မြေသူပဲ အခိုင်အမာထိန်းချုပ်ထားကာ မြို့မြောက်ပိုင်းက အပြောင်းအလဲတွေကို ပြုံးပြုံးလေးသာရပ်ကြည့်နေလိုက်ပြီး သူ့ခွေးသူပဲ သာသာယာယာထိန်းကျောင်းနေလိုက်မည်။ လောဘတက်ပြီး ဝင်ပါနေမည်မဟုတ်ပါ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now