Chapter 3

3.6K 661 42
                                    

Unicode

ဒီကောကောက အဲ့လောက်ကြီးလည်း မကြမ်းကြုတ်ပါဘူး
_____________________________

'' မား အခုပဲပြန်လာပြီ '' ဝေ့ရှီးကပြန်ဖြေလာသည်။

'' ဒါဆိုရင် မားမား ကောကောတို့အိမ်တံခါးနားရောက်ရင် သားကိုဖုန်းဆက်လိုက်လေ သား ချက်ချင်းထွက်လာခဲ့မယ် ''

သူမသားရဲ့အသံမှာ သူငယ်ချင်းတစ်ယောက်အိမ်သွားလည်နေသလိုမျိုး သွက်လက်ပေါ့ပါးနေသည်ဟု ခံစားရတာကြောင့်

'' မင်းကြည့်ရတာ သူများအိမ်သွားတက်ထိုင်နေတာတောင် တစက်ကလေးစနိုးစနောင့်မဖြစ်ပဲ တော်တော်လေး နေသာထိုင်သာရှိနေပုံပဲနော် ''

ဝေ့လန် ခေါင်းကလေးငြိမ့်ကာငြိမ့်ကာဖြင့်

'' အဲ့ဒါကြောင့် မားမား ဒုံးကျည်နှုန်းနဲ့ပြန်မလာပါနဲ့ ကားကိုဖြေးဖြေးမောင်းလာခဲ့ပါ ဖိုးဖိုးကပြောတယ် မားမားကားမောင်းရင်အရမ်းမြန်တယ်တဲ့ အဲ့ဒါလုံးဝမကောင်းဘူးနော် ''

ဝေ့ရှီး ပြောစရာစကားမဲ့သွားကာ

'' မင်းသာ မားမားလာခေါ်မှာကို လိမ်လိမ်မာမာနဲ့ထိုင်စောင့်နေစမ်းပါ ဝေ့ရှောင်လန် ''

'' အွန်း '' ဝေ့လန် ဖုန်းချလိုက်ကာ TVကိုသာ အေးအေးလူလူဆက်ကြည့်နေလေသည်။

အန်တီဝမ်ကတော့ စားထားသောက်ထားတဲ့ပန်းကန်တွေကိုဆေးကြောဖို့ မီးဖိုချောင်ထဲယူသွားကာ တစ်ဆက်တည်း ချက်ထားပြုတ်ထားသည့်အိုးတွေဇလုံတွေကိုပါ ဆေးကြောနေလိုက်သည်။ ညစာချက်၊သန့်ရှင်းရေးလုပ်ခြင်းအမှု ပြီးဆုံးသွားပြီဆိုတာနဲ့ သူမရဲ့တနေ့တာလုပ်ရမဲ့တာဝန်တွေပြီးဆုံးသွားပြီဟု သတ်မှတ်နိုင်လေသည်။ သူမ ရေခဲသေတ္တာကိုဖွင့်ပြီး အထဲက သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုတစ်ချက်ရေတွက်ကြည့်လိုက်ကာ မနက်ဖြန်အတွက် ဖြည့်သင့်တာဖြည့်ဖို့၊ ထုတ်သင့်တာထုတ်ဖို့၊ ချက်သင့်တာချက်ဖို့တွေကို တစ်လက်စတည်း ကြိုပြင်ပြီးနေပြီဖြစ်သည်။ သူမအိမ်မပြန်ခင် ဝေ့လန်အနားလျှောက်သွားကာ ညင်သာသည့်လေသံဖြင့်

'' အန်တီအိမ်ပြန်တော့မယ်နော် သားက ဒီမှာငြိမ်ငြိမ်လေးထိုင်ပြီး သားမိသားစုလာခေါ်မှာကို လိမ်လိမ်မာမာလေးထိုင်စောင့်နေနော် အပေါ်တက်ပြီး ကောကောကိုမနှောက်ယှက်ရဘူး ဟုတ်ပြီလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now