Chapter 2

6.3K 995 50
                                    

Unicode

ငါ မင်းကို ဒါလေးတွေပေးမယ် အထဲကို ဝင်ထိုင်ခွင့်ပြုနိုင်မလား။
________________________________

သူ့ရှေ့က အဒေါ်ကြီးမှာ သူတို့အိမ်က အဒေါ်ကြီးလို ဟင်းတွေချက်ပေး၊ အိမ်မှုကိစ္စတွေကူညီပေးသည့် အဒေါ်ကြီးဖြစ်လိမ့်မည်ဟု တွေးမိတာကြောင့် ဝေ့လန်လေးက ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သည်။ '' အန်တီ မင်္ဂလာပါ '' ထို့နောက် သူဆက်ရှင်းပြလာခဲ့သည်။ '' သားအိမ်သော့ယူမလာမိလို့ ပြီးတော့ အိမ်မှာလည်း ဘယ်သူမှမရှိကြလို့ အဲ့ဒါ အန်တီတို့အိမ်မှာ ခဏလောက်ဝင်ထိုင်လို့ရမလား ''

အန်တီဝမ်ကလည်း ယဥ်ကျေးလိမ္မာပြီး ချစ်ဖို့ကောင်းသည့် သူမရှေ့က ကလေးလေးကိုကြည့်ရင်း အိမ်သော့လည်းမပါလာဘူး၊ အိမ်မှာလည်းဘယ်သူမှမရှိကြဘူး ကလေးလေးတစ်ယောက်ထဲအပြင်မှာထွက်စောင့်နေရလိမ့်မည်ဟု တွေးမိသွားတော့ သူမ ဝေ့လန်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။ သူမချက်ချင်းသဘောတူလိုက်ချင်ပေမဲ့လည်း ဒီအိမ်မှာသူမကပြောရေးဆိုပိုင်ခွင့်ရှိသူတစ်ယောက် မဟုတ်တာကြောင့် ကလေးကို ညင်သာသည့်အသံလေးဖြင့် ခပ်တိုးတိုးပြန်ဖြေလိုက်သည်။

'' အန်တီ အန်တီတို့အိမ်က သခင်လေးကိုသွားမေးပေးမယ်နော် ''

ဝေ့လန်က ခေါင်းငြိမ့်ပြကာ

'' ကျေးဇူးပါ အန်တီ ''

အန်တီဝမ်က ကလေးကိုကြင်ကြင်နာနာပြုံးပြလိုက်ပြီး အိမ်ဘက်ခေါင်းပြန်လှည့်လိုက်ရုံရှိသေး သူမတို့သခင်လေးက သူမနဲ့မနီးမဝေးနေရာမှာ ရပ်နေတာကိုမြင်လိုက်ရသည်။ အန်တီဝမ်လည်း ဝေ့ရွှင်းအနားကိုသွက်သွက်လေးလျှောက်သွားကာ ဝေ့လန်ရဲ့အခြေအနေကိုရှင်းပြလိုက်လေသည်။

ဝေ့ရွှင်း တံခါးနားမှာရပ်နေသေးသော ဝေ့လန်ကိုလှမ်းကြည့်လိုက်တော့ ထိုကောင်လေးကလည်း သူ့ကိုမြင်သွားပြီး ရုတ်တရက်လက်မြှောက်လိုက်ကာ တာ့တာပြသလိုမျိုး ဝေ့ယမ်းပြရင်း သူရှိသည့်တံခါးအနားလာဖို့လက်ယက်ခေါ်နေလေသည်။ ဝေ့ရွှင်းလည်း ဒီအသက်အရွယ်ကြီးရောက်မှ သူ့ကိုတစ်စုံတစ်ယောက်က ထိုပုံစံမျိုး ပထမဦးဆုံးလုပ်ပြခြင်းဖြစ်သည်။ ဝေ့ရွှင်းကတော့ သူ့ကိုအမိန့်ပေးနေတယ်ဟုခံစားရတာကြောင့် ထိုအပြုအမူကိုလုံးဝမနှစ်သက်ပါ။ ထို့ကြောင့် သူ ဝေ့လန်ကိုလျစ်လျူရှုထားလိုက်ကာ တဖက်လှည့်ပြီး အပေါ်ထပ်တက်သွားဖို့သာပြင်လိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now