Chapter 6

3.4K 720 28
                                    

Unicode

ဝေ့ရွှင်းနဲ့ဝေ့လန်တို့ရဲ့ သဘောတူညီမှု၃ချက်
______________________________

ဝေ့လန် သူ့ပန်းကန်ထဲက မုန်ညင်းတွေ၊ မှိုတွေ၊ ပန်းဂေါ်ဖီစိမ်းတွေ၊ အာလူးချောင်းကြော်တွေကိုကြည့်ရင်း ခေါင်းငိုက်စိုက်ကျသွားကာ သူ့ရဲ့ရွှေရောင်နေ့ရက်တွေက တဖြည်းဖြည်းပျောက်ကွယ်သွားတော့မည်ဟု ခံစားနေရသည်။

ဝေ့ရွှင်းကတော့ တွန့်ဆုတ်တွန့်ဆုတ်ရုပ်လေးဖြင့် တူကောက်ကိုင်ပြီး ပန်းကန်ထဲကအသီးအရွက်မှန်သမျှကို ပါးစပ်ထဲတစ်ခုချင်းစီကောက်ထည့်နေသော ဝေ့လန်အား သေချာကြည့်နေလေသည်။ ဝေ့လန်က သူထည့်ထားသည့် မနည်းလွန်းမများလွန်းပမာဏကို တစ်ခုမကျန်အကုန်စားပစ်လိုက်ကာ စားလို့ကုန်သွားခါမှ ပြောင်ရှင်းနေသည့်ပန်းကန်လုံးကိုလှမ်းပြရင်း

'' အကုန်စားလိုက်ပြီ ''

ဝေ့လန်ရဲ့ ထိုလေသံမှာ ပျော်နေတယ်ရယ်လည်းမဟုတ်၊ မပျော်ဘူးရယ်လည်းမဟုတ်ပဲ ဒီတိုင်း ခံစားချက်အတက်အကျမပါသည့် ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းသာဖြစ်သည်။

ဟင်းသီးဟင်းရွက်စားရတာကို မကြိုက်သည့်လူတစ်ယောက်အနေနှင့် သူထည့်ပေးထားသည့်အရွက်ကြော်တွေကို ကုန်အောင်မစားပဲချန်ထားလိမ့်မည်၊ သို့မဟုတ် ဆူပုပ်ပုပ်မျက်နှာထားဖြင့် ဆန္ဒပြလိမ့်မည်ဟု ဝေ့ရွှင်းကြိုတွက်ထားခဲ့သည်။ သို့သော် ဝေ့လန်က ခုနလေးကတင် အကြောက်အကန်ငြင်းထားသည့်သူမှာ သူမဟုတ်သလိုမျိုး ပုံမှန်ပင်။

ဝေ့ရွှင်း အနည်းငယ်အံ့အားသင့်သွားကာ

'' မင်းဘာလို့ ဟင်းသီးဟင်းရွက်စားရတာကိုမကြိုက်တာလဲ ''

''စားလို့မကောင်းလို့လေ '' ဝေ့လန်ကလည်း ပွင့်ပွင့်လင်းလင်းပင်။

'' ဒါဆို ဘာလို့ထည့်ပေးသမျှအကုန်စားလိုက်တာလဲ ''

'' အဲ့ဒါက ကျွန်တော်ပန်းကန်ထဲ လာထည့်ပေးလို့မဟုတ်ဘူးလား ''

'' ငါ မင်းပန်းကန်ထဲကို ထည့်ပေးရုံနဲ့ အကုန်စားပစ်လိုက်တယ်ပေါ့ ''

ဝေ့လန်တစ်ယောက် စားပွဲခေါင်းတင်ပြီး ရှင်းပြလာတော့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now