part 1

178 18 4
                                    

<Unicode>

ပရိသတ်ကြီးတို့ ​စောင့်ဆိုင်း​နေခဲ့တဲ့အချိန်ကို​ရောက်ရှိလာပါပြီခင်ဗျာ အခုအချိန် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များ​ကျော်ကြား​နေ​သော  ​ကျွန်​တော်တို့ရဲ့အချစ်​တော် ကင်​ထယ်​ယောင်းကို ဖိတ်​ခေါ်လိုက်ပါတယ် အားလုံးပဲ လက်ခုပ်သံ​လေးနဲ့ ကြိုဆိုလိုက်ကြရ​အောင်လားခင်ဗျ

whistle...............​ဖြောင်း ​ဖြောင်းးးးး

နာရီဝက်ကြာ​တဲ့အထိ ထယ်​ယောင်းက​တော့ ​ပေါ်မလာခဲ့​ချေ ပရိသတ်များစီမှလဲ ​စောဒကတက်​သောအသံများ စတင်ထွက်​ပေါ်လာ​ချေပြီ

'' သူဘာလို့မလာ​သေးတာလဲ ကြာ​နေပြီ​လေ လာသင့်ပြီကို ဘာ​တွေလဲ သူကထွက်မလာ​တော့ဘူးလား ´´

​ဒေါက် ​ဒေါက် ထယ်​ယောင်း​ရေ ထယ်​ယောင်း

'' တံခါးဖွင့်​ပေးပါကွာ ​ကျေးဇူးပြုပြီး ´´

''နမ်ဂျွန်းရေ  သူဘယ်မှာလဲ ဘာလို့မထွက်လာ​သေးတာလဲ ´´

'' သူအခန်းထဲမှာ ခဏ​နေထွက်လာ​တော့မှာပါ ခဏ​လောက်​စောင့်​ပေးပါအုံး ´´

'' ဘယ်​လောက်ထိ​စောင့်ရအုံးမှာလဲ နာရီဝက်ကို ​ကျော်​နေပြီ ငါစိတ်မရှည်​တော့ဘူးကွ ´´

ဒုန်းးး ဒုန်းးးး ဒုန်းးးးး

'' ​ဟေး တံခါးဖွင့်စမ်း ထယ်​ယောင်း ​ပြော​နေတာမကြားဘူးလား ´´

''ခဏ​လောက်​စောင့်​ပေးပါအုံးလား ငါးမိနစ်​လောက်ပါပဲ ´´

'' မ​စောင့်နိုင်​တော့ဘူး နမ်ဂျွန်းရာ ​ဒီ​လောက်ဆိုတော်​လောက်ပြီ​ပေါ့ ဟိတ်​ကောင်​တွေ တံခါးကို ဖျက်ပြီးဝင်လိုက်​တော့ ´´

နမ်ဂျွန်းတ​ယောက် တား​နေသည့်ကြားမှပင် ဝန်ထမ်းများက တံခါးအား ရိုက်ချိုးဖျက်စီးကာ ဖွင့်လိုက်ကြ​လေသည်  တံခါးလဲပွင့်သွား​သော် ကမန်းကတန်းနဲ့ သူတို့အားလုံးအထဲသို့ဝင်လိုက်​ကြသည် သို့​ပေမဲ့ ​အခန်းတွင်းအပူချိန်ကပုံမှန်ထက် ​အေးစက်​နေသည်မှာ ​ကျောချမ်းစရာအတိ

တိတ်ဆိတ်ငြိမ်သက်​နေ​သောအခန်းအတွင်းရှိ ရှိရှိသမျှမီးလုံးများကို မှိတ်ထားပြီး အပူအပင်မရှိ ​အေးချမ်းစွာ ပြတင်း​ပေါက်​ရှေ့တွင် ဆိုဖာကိုမှီထိုင်​နေ​သော လူသား​လေးကို ​တွေ့လိုက်ရသည် အခန်းအတွင်းသို့ ပြတင်း​ပေါက်မှတဆင့် ထိုး​ဖောက်ဝင်​ရောက်​နေ​သော လ​ရောင်​မှိန်ပြပြလေးတခုသာ ရှိသည်

If there is an afterlifeWhere stories live. Discover now