part 4

77 13 0
                                    

<Unicode>

​သူ​လေယာဉ်ကွင်းမှ ကားငှါးကာ အိမ်ကြီးဆီသို့သာ သွားလိုက်​တော့သည်

ခြံ​ရှေ့​ရောက်​တော့ သူမှင်သက်​နေမိသည် ခြံကဒီ​လောက် ကျယ်မယ်လို့ ထင်မထားဘူး​လေ တကယ်ကိုအကျယ်ကြီး အပင်​တွေဆိုတာလဲ စုံလိုက်တာမှလွန်​ရော အဝင်ဝက​​နေလှမ်း​မြင်​နေရတဲ့ အိမ်ကြီးကလဲ ထည်ထည်ဝါဝါနဲ့ တကယ်ကို ကြီးမားခံ့ညားလွန်း​နေတာ

ခြံတံခါးက​စေ့ရုံတင်​စေ့ထားတာမို့ သူဝင်သွားလိုက်သည် အိမ်ကြီးဆီသို့သွားသည့်လမ်းတ​ဖက်တချပ်စီတွင် နှင်းဆီပန်း​ရောင်စုံများကို အစီအရီစိုက်ထား​သေးသည် ​လေယာဉ်စီးလာရတာ​ကြောင့် ပင်ပန်းသမျှအားလုံး ပန်းရနံ့​လေး​တွေ​ရှုရှိုက်လိုက်ရသဖြင့် စိတ်အ​မော​ပြေ​လန်းဆန်းသွားသည်

အိမ်တံခါးမကြီးဖွင့်ထားသဖြင့် အထဲသို့ဝင်သွားလိုက်သည်လူရှိ​နေသည့် အရိပ်အ​ယောင်မ​တွေ့သဖြင့် ​အော်ဟစ်ကာ ​ခေါ်ကြည့်လိုက်သည်

'' ဟယ်လို ဟယ်လို ဘယ်သူမှမရှိကြဘူးလားဗျ ´´

အန်တီကြီးတစ်​ယောက် ​လှေကား​ဘေး အခန်းတခုအတွင်းမှ ထွက်လာတာ​တွေ့လိုက်ရသည်

'' ဟယ်လို မင်းက မစ္စတာကင်ထင်တယ် မင်း​ရောက်လာတာ ​စောသားပဲ မစ္စတာကင်ဆိုလို့ အသက်ကြီးကြီးမှတ်​နေတာ ငယ်​သေးတာပဲ ´´

'' အဲ့ဒါက ကျွန်​တော့်ဦး​လေးပါ ကျွန်​တော့်နာမည်က ကင်ထယ်​ယောင်းပါဗျ အန်တီအဆင်​ပြေသလို ​ခေါ်လို့ရပါတယ် ´´

'' ဟုတ်ပါပြီ မင်းည​နေမှ​ရောက်မယ်ထင်လို့ ထွက်မကြိုမိတာ မစ္စတာ​ဂျော်ဒန်ကလဲ ခြံထဲပတ်ကြည့်​နေလို့ ခဏ​စောင့်အုံး​နော် ​ကောင်​လေး သွား​ခေါ်ပေးမယ် ´´

'' ​ခေါ်စရာမလို​တော့ပါဘူး အန်နာ ငါ​ရောက်ပြီ ​ကောင်​လေး မင်းအတွက် အ​ပေါ်ထပ်က ဝရံတာနဲ့တွဲရက်အခန်းကို ပြင်​ပေးထားတယ်​ အဲ့မှာ​နေလို့ အဆင်မ​ပြေရင် အခန်းပြန်​ပြောင်း​ပေးမယ် အချိန်မ​ရွေး​ပြော​နော် ´´

'' ရပါတယ်ဗျ ကျွန်​တော်ကဘယ်မှာ​နေ​နေ အဆင်​ပြေပါတယ် ကျွန်​တော့်အတွက် အလုပ်ရှုတ်မခံပါနဲ့ ´´

If there is an afterlifeWhere stories live. Discover now