part 9

38 7 2
                                    

<Unicode>

ထယ်​ယောင်း စာကြည့်စားပွဲမှာထိုင်ကာ စာ​ရေး​နေမိသည် သူ့အ​တွေးထဲမှာ ​ပေါ်လာတာက No.23 အဲ့ဒါက ဘာလဲ မသိ​ပေမဲ့ ဆက်တိုက်ဆိုသလို ​ခေါင်းထဲ​ပေါ်လာတာမို့ ​ရေးပဲ​ရေး​နေမိသည်

ခဏ​နေ​တော့ အိမ်​ရှေ့က​နေ စက်ဘီးကဘဲလ်သံ​လေးကြားလိုက်ရသည် သတင်းစာ​တောင် လာပို့ပြီဘဲ သူအလျှင်အမြန်ပဲ ထွက်ယူလိုက်သည် သူ့အတွက် အကူအညီ​ပေးနိုင်တာ​လေးများ ပါမလားလို့​လေ

​သေပြီးသားလူ​တွေနဲ့ စကား​ပြောနိုင်​သော ​ကောင်​လေးဆိုတဲ့​ခေါင်းစဉ်နဲ့ ကင်​ဆော့ဂျင်ဆိုတဲ့ သူနဲ့ရွယ်တူ​ကောင်​လေးတစ်​ယောက်အ​ကြောင်း ​ရှေ့ဆုံးစာမျက်နှာမှာ ပါလာခဲ့သည် သူစိတ်ဝင်စားတာနဲ့ ဖတ်ကြည့်ပြီး သွား​တွေ့ရန် ပြင်ဆင်လိုက်သည် သူဆိုရင် ငါ့ကို နားလည်​ပေးနိုင်​လောက်မှာဘဲ သူ​ကျောင်းကို လိုက်သွားကာ ထို​ကောင်​လေးကို ရှာလိုက်သည် ​တွေ့ပါပြီ အင်္ကျီပန်း​ရောင်​လေးနဲ့ သူ့သူငယ်ချင်းနဲ့ စကား​ပြော​နေတာ

'' မင်းဘာမှ မသိတဲ့အတိုင်းပဲ ´´

'' ​တော်စမ်း ´´

'' မင်းသွားရင် ငါတစ်​ယောက်ထဲ ကျန်ခဲ့မှာ ´´

'' ဒီမှာ ချစ်သူတစ်​ယောက်​တွေ့ထားတယ် ဘယ်လိုလုပ်ရမလဲ မြင်မြင်ချင်းအချစ်ဆိုတာ မင်းလဲသိပါတယ် သူကငါမရှိရင် မ​နေနိုင်ဘူး ​ဆေး​ကျောင်းအတွက်လဲ စာသင်ဖို့ စိတ်မပါဘူး​လေ အဲ့ဒီ​တော့ ´´

'' ဒီအချစ်​တွေက ဘာများလုပ်ခိုင်းလို့လဲ ´´

'' ရထားထွက်​တော့မယ် သွား​တော့မယ် ´´

သူနမ်ဂျွန်းကို ခဏ​လောက် ဖက်ထားလိုက်သည် ပြီး​တော့ အ​ဆောင်ဆီသို့သာ ဦးတည်လိုက်​တော့သည်

ထယ်​ယောင်း ဂျင်ထွက်သွားတာက်ို​တွေ့တာနဲ့ ​ပြေးလိုက်​တော့သည်

ဂျင်အင်္ကျီဆိုင်​လေးတစ်ဆိုင်​ရှေ့​ရောက်​တော့ ပြထားတဲ့အင်္ကျီ​တွေကို သ​ဘောကျတာနဲ့ ​ငေး​နေမိသည် သူ့​နောက်က ​ပြေးလိုက်လာတဲ့သူ​ကြောင့် နဲနဲ​တော့ အံ့သြသွားသည် သူနဲ့ ဆယ်​ပေ​လောက်အကွာကို​ရောက်မှ စကားစ​ပြောလာသည်

If there is an afterlifeWhere stories live. Discover now