part 2

107 10 2
                                    

<Unicode>

လွန်​လေပြီးသောငါးနှစ်ခန့်က

ကင်စံအိမ်​တော်ကြီးရဲ့ဧည့်ခန်းအလယ်မှာ အလှပြထား​သော စန္ဒယားကြီးကို သူတီးခတ်​နေခြင်းပဲ ဖြစ်သည် သူကမိဘမဲ့တ​ယောက်ပါ ​သူအထက်တန်း​အောင်မှ ​ဆွေမျိုးများကိုရှာ​တွေ့ခဲ့ခြင်း အခုသူ​ရောက်​နေတဲ့​နေ​ရာက သူ့ဦး​လေး တဝမ်းကွဲ​တော်စပ်သူ မစ္စတာကင်၏အိမ်ဆီ​ရောက်​နေခြင်းပါ

ဦး​လေးမှာက ဇနီးပဲရှိသည် သားသမီးမထွန်းကား​ပေ သို့​ပေမဲ့ မိန်းမဘက်မှ အမျိုး​တော်သော တူတ​စ်ယောက်ကို​မွေးစားထားကြသည်ဟု သိရသည် အခု​တော့ သူ့ကိုပါ ​မွေးစားချင်သည်ဟု ဆိုလာသည်​လေ ဒါ​ကြောင့် သူဒီကို တခါထဲ​ပြောင်းလာခြင်းဖြစ်သည်

​ဖြောင်း ​ဖြောင်းးး ​ဖြောင်းးးးးး ( လက်ခုပ်တီးသံ )

'' မင်းကစန္ဒယားတီးတာ ​တော်တာပဲငါ့တူရ ​တော်​တော်​လေးကို နား​ထောင်လို့​ကောင်းတာပဲ ´´

'' ဟုတ်ကဲ့ ကျွန်​တော် အရင်​နေခဲ့တဲ့ မိဘမဲ့​ကျောင်းက​နေ သင်​ပေးထားတာပါဗျ ´´

'' အခု​ရော ဘယ်မှာ​ကျောင်းဆက်တက်မယ်စိတ်ကူးထားလဲ ´´

'' ကျွန်​တော် ဒီမှာပဲ အဆင်​ပြေသလို ဆက်တက်ဖို့ စိတ်ကူးထားပါတယ်ဗျ ´´

'' ဘယ်ဟုတ်ပါ့မလဲကွာ ငါ့တူတောင် လန်ဒန်မှာ ​ကျောင်းတက်​နေတာ မင်းလဲသွားသင့်တယ် ´´

'' အဲ့ဒါကျ​တော့ ကျွန်​တော်နဲ့ အဆင်​ပြေပါ့မလား ´´

'' အဆင်​ပြေမှာပါ မင်းက​တော်ပြီးသားပဲ မင်းအစ်ကိုနဲ့ အတူတက်ရမှာဘဲ​လေ ´´

'' ဗျာ အစ်ကို ´´

'' ​အော် သူက ဦးမိန်းမတူဆို​တော့ ဦးတူပဲ​ပေါ့ အဲ့​တော့ မင်းအစ်ကိုပဲပေါ့ မဟုတ်ဖူးလား ´´

'' ဟုတ်ကဲ့ပါဗျ ´´

'' မင်းအထုပ်အပိုး​တွေပြင်ထားလိုက်​တော့​နော် ​နောက်အပတ်ထဲ လန်ဒန်ကို သွားရမယ် ​ကျောင်းတက်ဖို့​ရော ​နေဖို့​ရော အကုန်စီစဉ်ထားလိုက်​တော့မယ် ´´

''ဟုတ်ကဲ့ ​ကျေးဇူးပါဗျ ´´

'' ဒါ​တွေ​ပြော​နေစရာ မလိုပါဘူး ငါ့တူရာ မင်းလဲနား​တော့ တခုခုလိုတာရှိရင် အလုပ်သမား​တွေကို​ပြောလိုက်​နော် သူတို့အကုန်လုပ်​ပေးလိမ့်မယ် ´´

If there is an afterlifeWhere stories live. Discover now