<Unicode>
စာကြည့်ခန်းထဲတွင် မည်သူမှမရှိ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ အလွန်ပင် အေးချမ်းလွန်းလှသည် ပုံမှန်ဆို တယောက်စ နှစ်ယောက်စ ရှိနေတတ်သည်ပင် ဒီနေ့တော့ တယောက်မှမရှိပေ အဲ့ဒါလဲ တစ်မျိုးကောင်းတာပါဘဲ ပိုပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်ရှိတာပေါ့
ဂျင်လဲ မပြီးသေးသည့်စာများ ရေးနေလေသည် ခဏအကြာတွင် စာရေးစားပွဲခုံ၏ အံဆွဲအတွင်းမှ တခုခုကို လက်နဲ့ကုတ်ဖဲ့နေသံများကို ကြားလိုက်ရလေသည် သူလဲထိုင်နေရာမှထကာ အရဲစွန့်ပြီး အံဆွဲကို ဖွင့်ကြည့်လိုက်လေတော့ ဘာမှမတွေ့ရပေ
ဟူးးးးး တော်ပါသေးရဲ့ ဘာမှမရှိလို့ သူသက်ပြင်းချကာ အံဆွဲပိတ်လိုက်ပြီး ခုံပေါ်ပြန်ထိုင်လိုက်ချိန်တွင် ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ လက်တွေအများကြီးက မျက်နှာရှေ့မှာ အလွန်ကို နီးကပ်နေပြီဖြစ်သည်
'' အားးးးးးး ´´
ရုတ်တရက်ဆိုတော့ လန့်ကာမျက်စိစုံမှိတ်ပြီး အော်လိုက်မိသည်အထိ သူလဲ စာအုပ်တွေအကုန်သိမ်းကာ ဘေးချင်းကပ်အဆောင်က အိပ်ခန်းဆီသို့သာ အပြေးတပိုင်းထွက်လာခဲ့တော့သည်
လှေကားထစ်ပေါင်းများစွာကို ဘယ်ကနေဘယ်လိုကျော်ဖြတ်ခဲ့မိသည်ဆိုတာ မသိတော့ အခုချိန်မှာ အိပ်ခန်းထဲရောက်ဖို့ကသာ အရေးကြီးနေလေသည်
'' ဝုန်းးးးးးးးး ´´
နမ်ဂျွန်းစာလုပ်ပြီးလို့ ပျင်းပျင်းရှိတာနဲ့ အိပ်ခန်းထဲတွင် ဗဟုသုတရမယ့်စာအုပ်လေးတွေ ဖတ်နေလိုက်သည် စာအုပ်ထဲ ဈာန်ဝင်နေခိုက် တံခါးစောင့်ပိတ်သံအကျယ်ကြီးကြောင့် လူပါတုန်သွားရသည်အထိ
'' ဂျင် ဘာဖြစ်လို့လဲ ဘာလို့တကိုယ်လုံး တုန်နေရတာလဲ ဘာကိုကြောက်နေတာလဲ ´´
'' ငါ ငါသရဲတစ်ကောင်တွေ့ခဲ့တယ် အဲ့ဒါက အမြဲတမ်းလိုလို ´´
'' တကယ်ကြီးလား ဘယ်လိုဖြစ်တာလဲ ဒီတခါ ဘယ်သူလဲ သူကဘာဖြစ်ချင်တာတဲ့လဲ ဘာပြောလိုက်လဲ ´´