part 12

61 6 2
                                    

<Unicode>

'' ​ဆော့ဂျင် မင်းကိုယ့်ကို​မေးခဲ့တယ် ကိုယ်လိမ်​ပြောခဲ့တယ် အမှန်​တော့ ဒီအိမ်မှာ ကျွန်​တော်နဲ့ပတ်သက်တာ​တွေ ရှိတယ် အခုဖြစ်​နေတာ​တွေက ကျွန်​တော်နဲ့သက်ဆိုင်ပါတယ် အဲ့ဒါ​ကြောင့် ဒီအိမ်က မ​ကောင်းဆိုးဝါး​တွေ ​သောင်းကျန်း​နေတာ ကျွန်​တော် ဒီကိုစ​ရောက်ပြီး တစ်လက​နေစတင်ခဲ့တာ အစက​တော့ ဒီအနီးအနားက တစ်​ယောက်နှစ်​ယောက်နဲ့ပဲ ရင်းနှီးခဲ့တာ ​နောက်​တော့ မြို့ထဲကလူ​တွေလဲ ​တေးဂီတသံစဉ်ကို နား​ထောင်ဖို့လာ​လေ့ရှိကြတယ် ကိုယ်လဲပိုက်ဆံရှာလို့ရမယ် ထင်ခဲ့တာ ငါ့ဘဝဖြတ်သန်းလို့ရပြီ​ပေါ့ အဲ့ဒီလို​တွေးလိုက်တာ ကျွန်​တော်မှားသွားတယ် တစ်ရက်ကျ​တော့ ကျွန်​တော့်ဦး​လေးဘက်ကတူ​ရောက်လာခဲ့တယ် ´´

'' ဟယ်လို မင်းမလား ငါ့အ​ဒေါ်တို့ ချီးမွှမ်း​နေတဲ့တစ်​ယောက် စန္ဒယားတီးတာ ​တော်တယ်​လေ ´´

'' ဟုတ်ပါတယ် ကျွန်​တော်ပါဘဲ ခင်ဗျားက ´´

'' ကိုယ်က ဂျီမင်း ပတ်ဂျီမင်း မစ္စစ်ပတ်ရဲ့ တစ်ဦးထဲ​သောတူ အခု​တော့ မစ္စစ်ကင်​ပေါ့ ပြီး​တော့ ဒီပစ္စည်းဥစ္စာ​တွေရဲ့ တစ်ဦးထဲ​သော အ​မွေဆက်ခံသူ ဘာပဲဖြစ်ဖြစ် မြို့ထဲက​နေ ဒီကိုလာရတာ ပင်ပန်းလိုက်တာ အပြင်ကကားထဲမှာ ငါ့အိတ်ကျန်ခဲ့တယ် သွားယူလာခဲ့ သွား​လေ မြန်မြန်​လေး ´´

'' ဟုတ် ´´

ထယ်​ယောင်းလဲ ကားထဲက​နေ အထုတ်​တွေ အပြင်ထုတ်ကာ အိမ်ထဲသယ်ဖို့ လုပ်ရ​တော့သည် ဧည့်ခန်းမှာ ​ကော်ဖီထိုင်​သောက်​နေတဲ့ ဂျီမင်းကို ​တွေ့ရသည်မို့

'' ဒီအိတ်​တွေ ဘယ်အခန်းမှာထားလိုက်ရမလဲ ခင်ဗျ ´´

'' ဒီကိုလာအုံး ´´

ထိုင်ရာကမထဘဲ သူ့ကိုလက်ညှိုး​လေး​ကွေးကာ လှမ်း​ခေါ်နေပြန်သည်

'' ဒီအိမ်အနီးအနားက လူတစ်​ယောက်က ငါ့ကို စာ​ရေးပြီး သတင်းပို့ခဲ့တယ် မင်းစန္ဒယားတီးပြီး ပိုက်ဆံရှာ​နေတယ်လို့ ​ပြောတယ် လိမ်​ပြောဖို့ မကြိုးစားနဲ့ ငါသိတယ် ငါကြားတဲ့သတင်းက အမှန်ဆိုတာကို ´´

'' ကျွန်​တော် စန္ဒယားတီးပါတယ် ဒါ​ပေမဲ့ ခင်ဗျားထင်သလို မဟုတ်ပါဘူး ´´

You've reached the end of published parts.

⏰ Last updated: Oct 03, 2023 ⏰

Add this story to your Library to get notified about new parts!

If there is an afterlifeWhere stories live. Discover now