ယိုရှီဒီနေ့ကျောင်းအစောကြီး
ရောက်လို့ဂင်ဂိုပင်အောက်မှာထိုင်
ပြီးဂျီဟွန်းနဲ့ဂျယ်ဟော့အလာကို
စောင့်နေသည်"စီနီယာ!!!"
ယိုရှီကိုအော်ခေါ်ပြီးပြေးလာတဲ့
ဂျောင်ဟွမ်ကြောင့်ယိုရှီလန့်သွား
မိသည်"စီနီယာတစ်ယောက်ထဲလားဟင်"
"ပေး..."
"ရော့"
ဂျောင်ဟွမ်ကကိတ်ဘူးလေးယိုရှီ
လက်ထဲထည့်ပေးလာသည်နှစ်ပတ်ကျော်အချိန်အတွင်းမှာ
ဒါကိုယိုရှီကျင့်သားရနေပါပြီ
ငြင်းမရမဲ့အတူလက်ခံလိုက်ရတာ
ချည်းပါပဲဒါပေမဲ့ယိုရှီကျင့်သားမရတာတစ်ခု
ရှိသေးသည်...အဲ့ဒါက...."စီနီယာ..ကျွန်တော်ချစ်တယ်နော်"
"ကျစ်.."
ဒါပါပဲဒီလိုပြောလာတိုင်းလဲမျက်နှာ
ပူလာရရင်တုန်လာရစမြဲပါပဲဒီကောင်လေးကတကယ်ခန့်မှန်းရခက်
သည်ရိုးသားနုံအအလေးထင်ရပေမဲ့
တစ်ခါတစ်လေကျအရမ်းကြောက်
စရာကောင်းပါသည်"စီနီယာ..ဘာတွေတွေးနေတာလဲ''
"ဟမ်..ဘာမှမဟုတ်ဘူး
ငါ..ငါကိတ်မုန့်မစားချင်ဘူး
ဒီနေ့အတန်းလဲမတက်ချင်တော့
မင်းငါ့ကိုအသားကင်လိုက်ဝယ်ကျွေး""အဟက်..."
"ဘာ...ဘာရီတာလဲမဟုတ်လဲမင်း
ကအတင်းကျွေးမဲ့အတူတူ
ငါစားချင်တာဘဲဝယ်ကျွေးခိုင်း
တော့မှာပေါ့""သဘောကျလို့..."
"ဟမ်"
"စီနီယာကဒီလိုမျိုးတစ်ခုခုတောင်း
ဆိုတာကိုသဘောကျလို့
အရမ်းချစ်ဖို့ကောင်းတယ်""မင်း..မင်းကိုကလေးမို့
ငါအလျော့ပေးထားတာနော်
ငါထိုးမိတော့မယ်""ထိုးပါလားဗျ...
စီနီယာနှုတ်ခမ်းလေးနဲ့ထိုးရင်
ကျွန်တော်ပျော်မိမှာဗျာ....""မင်း.."
ယိုရှီလက်သီးသာဆုတ်ပြီး
ဒေါသထွက်ရုံသာတတ်နိုင်ပါသည်'တကယ်မထိုးရဲပါကြောက်လို့
မဟုတ်ဘူးနော်ကလေးမို့အနိုင်
မကျင့်ချင်လို့သာ'
YOU ARE READING
ဒီဂျူနီယာလေးကတစ်မျိုးလေး
Fanfictionဂျောင်ဟွမ် - စီနီယာမှည့်လေး... ချစ်ဆုံးစီနီယာလေးရေ!!! စီနီယာမှည့်လေး - ငါပုန်းနေတာဒီကလေး မမြင်ပါစေနဲ့....