Part-19

214 32 7
                                    

ဂျွန်ဂယူခြံတံခါးမှာချိတ်ထားတဲ့ပန်း
စည်းလေးကိုကြည့်ပြီးသက်ပြင်းချမိ
သည်...

တစ်ပါတ်ရှိပြီဒီကျူးလစ်ဖြူဖြူလေး
တွေဂျွန်ဂယူအိမ်ရှေ့ကိုရောက်နေတတ်
တာ...

ခွင့်လွှတ်မှုကိုတောင်းခံခြင်းလို့အဓိပ္ပာယ်
ရတဲ့ကျူးလစ်အဖြူရောင်ပန်းစည်း
လေးကိုဂျွန်ဂယူသဘောကျစွာကြည့်
နေမိသည်...

တကယ်ကသူဂျယ်ဟော့ကိုစိတ်မဆိုး
တော့ပါဘူးဒါပေမဲ့သူအပစ်ပေးရမည်
ဂျယ်ဟော့ကသူ့အပေါ်ပွင့်လင်းမှု
ရှိစေချင်သည်...
လူတိုင်းကကိုယ်ချစ်ရသူရဲ့အကောင်း
အဆိုးအားလုံးကိုသိချင်ကြတာ
ပုံမှန်ပဲလို့ဂျွန်ဂယူထင်သည်...
ဒီလိုပဲဂျွန်ဂယူလဲဂျယ်ဟော့ရဲ့အကောင်း
အဆိုးအားလုံးကိုသိရပြီးအနားမှာ
အမြဲရှိပေးမဲ့သူမျိုးဖြစ်ချင်ပါသည်

ဂျွန်ဂယူပန်းစည်းလေးကိုသဘော
တကျပြုံးရင်းအိမ်ထဲပြန်ဝင်သွားခဲ့
သည်...

ဂျွန်ဂယူအိမ်ထဲဝင်သွားမှအိမ်ရဲ့မြင်
သာလောက်တဲ့နေရာမှရပ်ထားတဲ့
ကားလေးကလဲတဖြေးဖြေးရွေ့သွား
တော့သည်...

ဂျွန်ဂယူရဲ့အပြုံးလေးကိုမြင်ရတာနဲ့
ကိုဂျယ်ဟော့တစ်နေ့တာလုံလောက်
နေပါပြီ...

ယိုရှီပြောပြလို့ဂျွန်ဂယူကစိတ်ဆိုး
မနေတော့ဘူးဆိုတာလဲသိရလို့သူပို
ပြီးရင်အေးရပါသည်...

သူနဲ့ဂျွန်ဂယူကြားယိုရှီကပေါင်းကူး
တံတားလေးလိုပင်နောက်မှသူ့
ယောက်ဖကိုတစ်ဝိုင်းလိုက်ကျွေးရ
မည်....

                       .........................

ဂျယ်ဟော့ကျောင်းကိုရောက်တော့
ယိုရှီကောဂျီဟွန်းကိုရောမတွေ့မိတာ
ကြောင့်ကန်တင်းမှာတစ်ယောက်ထဲ
ထိုင်နေမိသည်...

ဂျယ်ဟော့အေးဆေးလေးထိုင်နေတုန်း
မှာပဲယိုရှီဘေးနားကိုရောက်လာသည်
မျက်နှာအနေထားကတော့လုံးဝဆူ
ပုတ်နေသည်...

"ဘာဖြစ်လာတာလဲ"

"မင်းညီနဲ့ရန်ဖြစ်လာတာလေ"

"မင်းတို့ကလဲမဟုတ်ပဲနဲ့လဲ
သတ်နေကြတာနောက်ပြီကြတစ်တီ
တူးကြဦးမှာ"

ဒီဂျူနီယာလေးကတစ်မျိုးလေးWhere stories live. Discover now